မဘိမ်းတွင် ငွေကျပ် သိန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 17, 2020

မဘိမ်းတွင် ငွေကျပ် သိန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC Myanmar
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မဘိမ်းမြို့နယ်၊ မိုးမိတ်-မဘိမ်းသွား ကားလမ်းပေါ်တွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် မိုးမိတ်ဘက်မှ မဘိမ်းဘက်သို့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) နေ ယာဉ်မောင်း နေမျိုးဦး (ခ) အားတက် (၂၅ နှစ်) မောင်းနှင်ပြီး လားရှိုးမြို့၊ ရပ်ကွက် (၁၂)နေ ထိုက်ကြည် (ခ) ထိုက်ဂျီ (၂၂ နှစ်) နှင့် လားရှိုးမြို့၊ ရပ်ကွက် (၁၀) နေ ချုံဟွေ့ (ခ) အားတီ (၂၄ နှစ်) တို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာ သော စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀၀၀ ပြားဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၁၆၀၀ သိန်း၊ ဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃ ဒသမ ၃ ကီလိုဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၆၂၇ သိန်း၊ ဘိန်းစိမ်းအလေးချိန် ၈ ကီလိုဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၆၄ သိန်း၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုး ငွေကျပ် ၁၂၂၉၁ သိန်းခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပူးပေါင်းအဖွဲ့မှ ဆက်လက်စစ်ဆေးရှာဖွေရာ ၎င်းတို့နှင့်အတူ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်တစ်စီးအား မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအနီးတွင် ယင်းနေ့ညနေ ၃ နာရီခန့်က ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ နေမျိုးဦး (ခ) အားတက်၊ ထိုက်ကြည် (ခ) ထိုက်ဂျီ၊ ချုံဟွေ့ (ခ) အားတီ တို့ ၃ ဦးအား မဘိမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းကလည်း မိုးမိတ်မြို့နယ်၊ မိုးမိတ်-တွင်းငယ်သွား ကားလမ်းပေါ်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ် သိန်းပေါင်း ၁၃၈၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About