တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင် ထုတ်ယူနိုင် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, February 22, 2020

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ စတင် ထုတ်ယူနိုင်


စုလှိုင်
.
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာ မေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ဖေ ဖော်ဝါရီ လ ၂၀ ရက်မှစ၍ ဖြေဆိုမည့် ရက် မတိုင်မီအထိ သက်ဆိုင်ရာ ပ ညာရေးမှူးရုံးများတွင် ထုတ်ယူနိုင် မည်ဖြစ်ကြောင်း သိရသည်။
.

.
လက်ရှိတော့ ခရိုင်ရုံးတွေမှာ ရောက်နေပြီ၊ ခရိုင်တွေကနေတစ် ဆင့် မြို့နယ်ရုံးတွေကို ဖြန့်မယ်။ ၂၀ ရက်နေ့လောက် ထုတ်လို့ရမယ်၊ ကြေညာပေးပါ့မယ်” ဟု ရှမ်းပြည် နယ် ပညာရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခြေခံပညာ အထက်တန်း ကျောင်း၊ အထက်တန်း ကျောင်းခွဲ၊ တွဲဘက် အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေ ဆိုမည့် ကျောင်းသား/သူများသည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများမှ တစ်ဆင့် ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပ ဖြေဆိုသူများအနေဖြင့် ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးထံတွင် ထုတ်ယူရမည် ဖြစ်ကြောင်း သိရ သည်။
.
ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို ခွင့်ကတ်ပြား ထုတ်ယူရာ၌ အခက် အခဲရှိပါက သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ် ရေးမှူးများ၊ မြို့နယ်ပညာရေးမှူး များနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ထံသို့ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင် ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် စာရင်း ပေးထားသူ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ၉၇၀၀၀၀ ကျော် ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြေဆိုရန် စာရင်းပေးထားသူ ၄၀၂၃၇ ဦး၊ ရှမ်းပြည်နယ် မြောက် ပိုင်းတွင် ၁၉၂၂၈ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၅၄၅၇ ဦး၊ စုစုပေါင်း ၆၄၉၁၂ ဦး ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ရှမ်းပြည် နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစု ပေါင်း ၅၆၅၅၈ ဦး ရှိခဲ့ပြီး ၁၅၉၈၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats