တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် မသန်စွမ်းသူများကို ဖြေဆိုချိန် ပိုပေးမည်ဖြစ်သော်လည်း ရှမ်းပြည်နယ်တွင် စာရင်းပေးထားသူ မရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် မသန်စွမ်းသူများကို ဖြေဆိုချိန် ပိုပေးမည်ဖြစ်သော်လည်း ရှမ်းပြည်နယ်တွင် စာရင်းပေးထားသူ မရှိသေး


စိုင်းရာဇာ
.
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် မသန်စွမ်း ကျောင်း သား/သူများကို ဖြေဆိုချိန် ပိုပေးထား မည်ဖြစ်သော်လည်း ရှမ်းပြည်နယ် အတွင်း၌ မသန်စွမ်းအနေဖြင့် ဖြေဆို ရန် စာရင်းပေးထားသူ မရှိကြောင်း သိရသည်။
.
 .
မသန်စွမ်း ကျောင်းသား/သူများ အား သတ်မှတ်ဖြေဆို ချိန်ထက် မိနစ် ၃၀ ပိုမိုဖြေဆိုခွင့်ပြုရန် မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနက ညွှန်ကြား ထားခြင်းဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းမှာတော့ မသန်စွမ်းအနေနဲ့ သီးသန့်တင်ထား တာ မရှိဘူး။ ပုံမှန်ဝင်ဖြေမယ့်သူနဲ့ တင်ထားတာပဲ ရှိပါတယ်။ မသန် စွမ်းဆိုရင် အချိန်ပိုပေးပြီး ဖြေခိုင်း တာတွေရှိတယ်။ ဒီမှာတော့ အားလုံး နဲ့ ရောဖြေမှာပဲ ရှိတယ်”ဟု ရှမ်းပြည် နယ်ပညာရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မသန်စွမ်းသူများကို စာမေးပွဲ ဖြေဆိုချိန် ၃ နာရီခွဲအထိ ခွင့်ပြုပေး မည်ဖြစ်ပြီး ၎င်းတို့အနက် အမြင်အာ ရုံချို့တဲ့သူနှင့် ခန္ဓာကိုယ် မသန်စွမ်း၍ ကိုယ်တိုင်ဖြေဆိုနိုင်ခြင်း မရှိသူများ ရှိပါက နဝမတန်းကျောင်းသား/သူ တစ်ဦးဦးကို ကိုယ်စားအဖြေလွှာပေါ် တွင်ရေးစေ၍ ဖြေဆိုခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
.
အမြင်အာရုံ ချို့တဲ့သူများအ တွက် စာမေးပွဲမေးခွန်းကို ဖတ်ပြ ရန် လိုအပ်ပါက ၎င်းတို့အား သင် ကြားပေးသည့် ကျောင်းနှင့် ကြိုတင် ညှိနှိုင်းထားရမည် ဖြစ်ပြီး မေးခွန်း ဖတ်ပြချိန်အတွက် သီးခြား အချိန်ပို ထပ်မံ ပေးမည် မဟုတ်ကြောင်း သိ ရသည်။
.
နှုတ်ဖြင့်ပြော၍ ကိုယ်စားရေး ပေးရသူများအတွက် သီးခြားခန်း တွင် စာမေးပွဲ ဖြေဆိုခွင့်ပြုသွားမည် ဖြစ်ပြီး ကူးစက်ရောဂါရှိသော စာဖြေ သူများအတွက် တာဝန်ကျနဝမတန်း ကျောင်းသား/သူအား မျက်နှာဖုံး (Mask) စီစဉ်ပေးရန် မြန်မာနိုင်ငံစာ စစ်ဦးစီးဌာနက ညွှန်ကြားထားသည်။
.
ကိုယ်စားရေးပေးရမည့် နဝမတန်း ကျောင်းသား/သူကို ရွေးချယ် ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကောင်း အစဉ်အလာ ရှိသည့် ကျောင်းအုပ်ကြီးများမှ ဘာ သာရပ်တူညီပြီး ဉာဏ်ရည်မြင့်မား သည့် ကျောင်းသား/သူများကို ရွေး ချယ်ပေးရန် မြို့နယ်ပညာရေးမှူး ရုံးများအား ညွှန်ကြားထားကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ သက်ဆိုင်ရာ ဘာသာ ရပ်အလိုက် စာဖြေဌာနအသီးသီး တွင် ဖြေဆိုရမည်ဖြစ်ပြီး ရှမ်းပြည် နယ် တစ်ခုလုံးတွင် စာမေးပွဲဖြေဆို ရန် စာရင်း ပေးသွင်းထားသူ စုစု ပေါင်း ၆၄၉၁၂ ဦး ရှိသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About