လားရှိုးမြို့နယ်၊ ကုန်းပေါင်ကျေးရွာတွင် ပြည်သူ့စစ်မှ မြေသိမ်းယူမှုကို တိုင်ကြားသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

လားရှိုးမြို့နယ်၊ ကုန်းပေါင်ကျေးရွာတွင် ပြည်သူ့စစ်မှ မြေသိမ်းယူမှုကို တိုင်ကြားသွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ ကုန်းပေါင်ကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးဆဲမြေဧက ၃၇၀ ကျော်အား မန်ပန်ပြည်သူ့စစ်ပိုင် ဧရိ ယာအတွင်း ပါဝင်သည်ဟုဆိုကာ သိမ်းယူမှုအတွက် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်း လှိုင်းခမ်းက နိုင်ငံတော်ဒုတိယ သမ္မ တ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ မတရားသိမ်းဆည်း ခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ သို့ တိုင်ကြားသွားမည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
.
.
“လက်ရှိအစိုးရ လက်ထက်မှာ ဒုတိယသမ္မတ ဦးဆောင်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး စတဲ့ တပ်မတော် ခေါင်းဆောင်တွေ အပါအဝင် သိမ်းစစ်ကော်မတီဖွဲ့ပြီး တပ်သိမ်းမြေတွေကို ပြည်သူတွေ ထံ အများအပြား ပြန်လည် ပေးအပ် နေချိန်မှာ အသစ်ထပ်သိမ်းဖို့ မရှိသ လောက် ဖြစ်နေချိန်မှာတပ်မတော်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ က သိမ်းထားတဲ့ အဟောင်းတောင် မပေးတဲ့အပြင် ထပ်ပြီး အသစ်သိမ်း တော့ ပြည်သူတွေ မျက်ရည်မျက်ခွက် ဖြစ်ရပါတယ်။ ဒါ လုံးဝမဖြစ် သင့်တဲ့ကိစ္စပါ။ ပြည်သူတွေရဲ့ အ တိဒုက္ခကို ကူဖို့နေနေသာသာ ပြန်ပြီး ရက်စက်နေတယ် လို့ မြင်ပါတယ်။ သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိ ဖို့ လွှတ်တော်က တစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ဦးစိုင်းဝမ်းလှိုင်းခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
၎င်းအနေဖြင့် ဒေသခံများ၏ တင်ပြချက်အရ သွားရောက် ကွင်း ဆင်းကြည့်ရှုရာ နစ်နာသူတောင်သူ များမှ သိမ်းဆည်းမြေဧရိယာ ၈၀၀ ဧကခန့်အား ပြန်လည်ရရှိရေး အ တွက် ၂၀၁၆ ခုနှစ်ကတည်းက တင် ပြတောင်းခံခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဒီဇင် ဘာလ ၁၉/၂၀ ရက်များတွင် မန်ပန် ပြည်သူ့စစ်ဌာနေ ကိုယ်စားလှယ်မှ စိုက်ပျိုးထားဆဲ ပြောင်းဖူးများအား ချွေရန် ပြောဆိုခဲ့ပြီးနောက် စက်များ ဖြင့် ထွန်ယက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“သူတို့တွေက ပြောင်းဖူးလာ ချွေတော့လို့ လာပြောတဲ့အချိန်မှာ မန်ပန်ပြည်သူ့စစ် လားရှိုးဆက်ဆံ ရေးရုံးတာဝန်ခံ ဦးဆမ်ဘရာထံ ဆက် သွယ်မေးမြန်းပါတယ်။ သူတို့က မြေ ပိုင်ဆိုင်မှုကို သက်ဆိုင်ရာက ခွင့်ပြု ပေးတယ်ပြောလို့ ကျွန်တော်တို့ နစ်နာမှုတွေကို ပြောခဲ့ပေမယ့် အ ကြောင်း မထူးပါဘူး။ အဓိကတော့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့တဲ့ မြေယာတွေ မနစ်နာအောင် အမျိုး သား လွှတ်တော်ကိုယ်စားလှယ်ထံ တင်ပြခဲ့ရတာ ဖြစ်ပါတယ်။"ဟု ကုန်း ပေါင်ကျေးရွာနေ ဒေသခံ ဦးစိုင်းတိ က ပြောသည်။
.
၎င်းအနေဖြင့်လည်း မြေ ၅ ဧက ခန့် သိမ်းဆည်းခံခဲ့ရပြီး တစ်ရွာလုံး တွင် စုစုပေါင်း ဧက ၁၀၀၀ ကျော် သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အလားတူ ဒေသခံရွာသား တစ်ဦးဖြစ်သူ ဦးစိုင်းခမ်းကလည်း ယင်းမြေယာများကို ၂၀၀၆ ခုနှစ် မတိုင်မီကတည်းက ဘိုးဘွားအစဉ် အဆက် လုပ်ကိုင်လာခဲ့ခြင်း ဖြစ် ကြောင်း၊ ပြောင်း/၊ ပဲပုတ်၊ နှမ်း၊ ပန်း နှမ်းများ စိုက်ပျိုးခဲ့ပြီး ၂၀၀၆ ခုနှစ် တွင် မန်ပန်ဌာနေပြည်သူ့စစ် စိုက် ခင်းဧက ၁၀၀၀ ဟု ဆိုင်းဘုတ်များ လာရောက်စိုက်ထူပြီး ရာဘာပင်များ စိုက်ပျိုးခဲ့ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် လားရှိုးမှ မြေစာ ရင်းဦးစီးဌာနကို ခေါ်ဆောင်တိုင်း တာခဲ့ သည်ဟုသာ သိရပြီးစက်များ ဖြင့် ထွန်ယက်ခဲ့သဖြင့် နစ်နာမှုများ အတွက် တင်ပြရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန် ပန်ဌာနေပြည်သူ့စစ် လားရှိုးဆက် ဆံရေးရုံး တာဝန်ခံ ဦးဆမ်ဘရာထံ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာတွင် “ကျွန်တော်အခု လူကြီးတွေ နဲ့ လိုက်နေလို့ပါ” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။
.
မြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့် နမ့်ပေါင်ကျေးရွာ အုပ်စု၊ကုန်း ပေါင်ကျေးရွာမှာ လားရှိုးမြို့၏ တောင်ဘက်၊ ၂၅ မိုင်ခန့်အကွာ၊ လား ရှိုး-မိုင်းရယ်-တန့်ယန်းလမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats