လားရှိုးမြို့နယ်တွင် အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားသည့် ဝက်များ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 26, 2020

လားရှိုးမြို့နယ်တွင် အာဖရိကဝက် အပြင်းဖျားရောဂါ ဖြစ်ပွားသည့် ဝက်များ တွေ့ရှိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်က အာဖရိက ဝက် အပြင်းဖျားရောဂါ ဖြစ်ပွားသည့် ဝက်များ တွေ့ရှိခဲ့သည့်အတွက် ရော ဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
 
.
လားရှိုးမြို့နယ်၊ နောင်မွန်ကျေး ရွာတွင် သံသယဖြစ်ဖွယ် ဝက်သေ ဆုံးမှုနှင့် ပတ်သက်၍ နာမကျန်းဖြစ် ပွားခဲ့သော ဝက် ၂ ကောင်မှ သွေးန မူနာ ပစ္စည်းများကို မော်လီကျူလာ နည်းပညာဖြင့် ဓါတ်ခွဲစမ်းသပ် စစ် ဆေးခဲ့ရာ အာဖရိကဝက် အပြင်း ဖျားရောဂါ (African Swine Fever Virus} မျိုးရိုးဗီဇ တွေ့ရှိခဲ့ရသဖြင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE)သို့ သတင်းပို့ခဲ့ပြီး ယင်းကျေး ရွာတွင် ရောဂါထိန်းချုပ်ရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်ဟု လားရှိုးမြို့ရှိ ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန်း နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ရောဂါပိုး တွေ့တဲ့ဝက်တွေကို မြေမြှုုပ်ပြီး ရှင်းခဲ့တယ်။ အဲဒီတစ်ခြံ လုံးကို ပိုးသတ်ဆေးဖြန်းတဲ့ လုပ် ငန်း လုပ်သလို အနီးဝန်းကျင်က မွေး မြူရေး ခြံတွေမှာလည်း ဆေးဖြန်း လုပ်ငန်းတွေ လုပ်ပါတယ်။ ကာ ကွယ်ဆေးက လောလောဆယ် မ ပေါ်သေးတော့ ဆေးဖြန်းတာနဲ့ လို အပ်တဲ့ အသိပညာပေး ဟောပြော မှုတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေ တာတွေ လုပ်ဆောင်နေပါတယ် ဟု ဒေါက်တာသန်းနိုင်က ပြောသည်။
.
အဆိုပါ အာဖရိက ဝက်အပြင်း ဖျားရောဂါ ကူးစက်မှု မရှိစေရေးအ တွက် ဝက်မွေးမြူရေးခြံများ၏ ဇီဝ လုံခြုံမှုကို အထူးဂရုပြုဆောင်ရွက် ရန်၊ ဝက်ခြံများနှင့် ဝက်သားသတ်ရုံ များတွင် စနစ်တကျ ပိုးသတ်ဆေး ဖြန်းခြင်း ပုံမှန်ဆောင်ရွက်ရန်၊ အိမ် မွေးဝက်များကို ဝက်သားပါဝင်သော စားကြွင်းစားကျန်များ ကျွေးခြင်း မပြုရန်၊ အခြားခြံများမှ အသုံးအ ဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင်အထွက် ထိန်း ချုပ်ရန်၊ သက်တူရွယ်တူ ဝက်များ ကိုသာအတူမွေးမြူရန်၊ အပူချိန်/ စို ထိုင်းဆ/လေဝင်လေထွက် ကောင်း မွန်အောင် ဆောင်ရွက်ရန်၊ ရောဂါ ကင်းရှင်းကြောင်း စိတ်ချရသည့် ခြံမှ ဝက်များကိုသာ ဝယ်ယူမွေးမြူရန်၊ ရောဂါဖြစ်ပွားရာ နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဝက်နှင့် ဝက် ထွက်ပစ္စည်းများကို တင်သွင်း ရောင်း ချခြင်း၊ စားသုံးခြင်း မပြုရန်၊ တော ဝက်နှင့် အိမ်မွေးဝက် မရောနောစေ ရန်၊ ရောဂါ ဖြင့်သေဆုံးသည့် ဝက် များကို စနစ်တကျ မြေမြှုုပ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက် ရန် မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနမှ ထုတ်ပြန်ထားသည်။
.
အာဖရိက ဝက်အပြင်းဖျားရော ဂါသည် ယခင်က အာဖရိကတိုက် နိုင်ငံများရှိဝက်များတွင်သာ ဖြစ်ပွား ခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ ဩဂုတ် လမှ စတင်ကာ အာရှနိုင်ငံများတွင် ရောဂါကူးစက် ဖြစ်ပွားခဲ့ပြီး တရား မဝင် ဝင်ရောက်လာသည့် ဝက်နှင့် ဝက်ထွက် ပစ္စည်းများကို ကန့်သတ်၊ ပိတ်ပင်၊ တားဆီး၊ ဖျက်ဆီးခြင်း၊ အသိပညာပေးခြင်းနှင့် ရောဂါစူးစမ်း ထောက်လှမ်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ သြ ဂုတ်လအတွင်းက ရှမ်းပြည်နယ် အ ရှေ့ပိုင်း၊ မိုင်းလား၊ မိုင်းယောင်း၊ မိုင်း ဖြတ်မြို့နယ်များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ “ဝ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ပန်ဆန်းမြို့တို့တွင် အာ ဖရိဝက်အပြင်းဖျားရောဂါ ကူးစက် ပြီး ဝက် သေဆုံးမှုများ ရှိခဲ့သဖြင့် ရှမ်း အရှေ့ဒေသ ဝက်သားစျေးကွက် အတွင်း ဝက်သားအရောင်းအဝယ် အေးစက်မှုများ ရှိခဲ့သည်။
.
ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင် ဘာလအတွင်းကလည်း ရှမ်းပြည် နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံ ပါကျင်မြို့တွင် အာဖရိက ဝက်အ ပြင်းဖျားရောဂါ ကူးစက်မှုကြောင့် ဝက်ကောင်ရေ ၃၀ ခန့် သေဆုံးမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About