ဖျက်ဆီးခံရသည့် လားရှိုးရှိ အလှဆင်မီးအား ပြန်လည်ပြုပြင်ပြီး ဖြစ်၍ ဝိုင်းဝန်းထိန်းသိမ်း စေလိုကြောင်း စည်ပင်ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

ဖျက်ဆီးခံရသည့် လားရှိုးရှိ အလှဆင်မီးအား ပြန်လည်ပြုပြင်ပြီး ဖြစ်၍ ဝိုင်းဝန်းထိန်းသိမ်း စေလိုကြောင်း စည်ပင်ပြော


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့ရှိ အများပြည်သူ အပန်းဖြေ အနားယူနိုင်ရန် တည်ဆောက်ပေး ထားသည့် We Love Lashio စာတမ်း အလှဆင်မီးအား ၂ ကြိမ်တိုင်တိုင် ဖျက်ဆီးခံခဲ့ရမှုကို ပြန်လည်ပြင်ဆင် ပြီးဖြစ်သဖြင့် ထပ်မံပျက်စီးမှု မရှိ စေရေးအတွက် ပြည်သူလူထုမှ ဝိုင်းဝန်း ထိန်းသိမ်းစေလိုသည်ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေး ဌာနမှ သိရသည်။
.
.
လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားအနီး၊ ရပ်ကွက် (၁) ရှိ We Love Lashio ရှုခင်းအလှဆင်မီးအား ဖေဖော်ဝါရီလ ၃ ရက်ညပိုင်းက ဖျက်ဆီးခံရသဖြင့် ပြန်လည်ပြင်ဆင် ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက် တွင် ဒုတိယအကြိမ် ထပ်မံဖျက်ဆီး ခံရခြင်းဖြစ်ပြီး ယင်းညတွင်ပင် သိန္နီ လမ်းရှိ လမ်းလယ် ကျွန်းနှင့် ကွတ် ခိုင်လမ်းရှိ လမ်းလယ်အုတ်ခုံတို့မှာ လည်း မဆင်မခြင် မောင်းနှင်သည့် ယာဉ်များကြောင့် ပျက်စီးခံရမှုကို ဖေဖော်ဝါရီလ ၇ ရက်တွင် ပြင်ဆင် ပြီးဖြစ်ကြောင်း သိရသည်။
.
“မြို့ သာယာလှပရေးလုပ်ငန်း တွေ ပျက်စီးမှု မရှိစေဖို့ ပြည်သူတွေ က ဝိုင်းဝန်းကူညီပေးကြစေချင်ပါ တယ်။ ဌာနကတော့ ပြည်သူတွေ အပန်းဖြေ အနားယူနိုင်အောင် အ ကောင်းဆုံး ပြုပြင်လုပ်ဆောင်ပေး နေမှာ ဖြစ်ပါတယ်။ လားရှိုးမြို့ရဲ့ အလှကို ဝိုင်းဝန်း ထိန်းသိမ်းပေးခြင်း ဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့မြို့အဖြစ် ဖော် ဆောင်နိုင်ကြပါစေလို့ တိုက်တွန်း လိုပါတယ်”ဟု လားရှိုးမြို့နယ် စည် ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးထိန်လင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပျက်စီးသွားသည့် လမ်းလယ်ကျွန်း အုတ်ခုံများကို ဌာနမှ ပြုပြင်ခဲ့ ပြီး ဖျက်ဆီးခံရသည့် We Love Lashio ရှုခင်း အလှဆင်မီးကို လားရှိုးမြို့ရှိ ထက်စံဆိုင်းဘုတ်နှင့် ကွန် ပို စစ်အလှဆင် လုပ်ငန်းမှ အခမဲ့ ပြုပြင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လားရှိုးမြို့ရှိ ယာဉ်ထိန်းရဲတပ် ဖွဲ့မှ ရဲအုပ် စောဝင်းကလည်း “ကား တွေ မဆင်မခြင် မမောင်းကြဖို့နဲ့ အ ခုလို ဖျက်လို ဖျက်ဆီးတဲ့ သဘော မဖြစ်အောင် စောင့်ကြပ်ထိန်းသိမ်း နေပါတယ်”ဟု ပြောသည်။
.
လားရှိုးမြို့ရှိ ရပ်ကွက်(၁) ဘူ တာလမ်းနှင့် ရုံးကြီးလမ်းထောင့်တွင် အများပြည်သူ နားနေအပန်းဖြေရန် နှင့် ကျန်းမာရေးအတွက် ကိုယ်လက် လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် ထားရှိသည့် အလှဆင်ပစ္စည်းများနှင့် အားကစား ပစ္စည်းများကိုလည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ လအတွင်းက အပျော်သဘော ဖျက် ဆီးမှုများ ရှိခဲ့သဖြင့် ပြုပြင်ခဲ့ပြီး နောက် ယခုတစ်ကြိမ်တွင် ရှုခင်းအ လှဆင်မီးကို ၂ ကြိမ်တိုင် ဖျက်ဆီးခဲ့ကြသဖြင့် အများပြည်သူမှ ၀ိုင်းဝန်း ထိန်းသိမ်းပေးနိုင်ရန် လိုအပ် နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About