ရှမ်းမြောက်ရှိ နယ်စပ်ဂိတ်များတွင် လူဦးရေ ၁၆၀၀၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

ရှမ်းမြောက်ရှိ နယ်စပ်ဂိတ်များတွင် လူဦးရေ ၁၆၀၀၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေး


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ဝင်ထွက်ပေါက်ဂိတ်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူဦးရေ ၁၆၀၀၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
.
.
ရှမ်းမြောက်ဒေသရှိ နမ့်ခမ်း၊ လောက်ကိုင်၊ မူဆယ်၊ တန့်ယန်း၊ ကွတ်ခိုင်နှင့် လားရှိုးမြို့များ၏ နယ်စပ်ဝင်ထွက်ပေါက်ဂိတ်များတွင် ဖေဖော်ဝါရီလ ၁ ရက်က ၁၅၁၇၂ ဦး၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ၁၉၄၂ ဦး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ နယ်စပ်ဝင်ထွက်ပေါက်ဂိတ်များတွင် စစ်ဆေးရာ၌ တန့်ယန်းမြို့နယ်ရှိ တာကော်အက်ဂိတ်တွင် ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထက်ရှိသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင်လည်း ယနေ့ ဖေဖော်ဝါရီလ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ ကိုရီးယားနိုင်ငံသားတစ်ဦး ရောက်ရှိလာပြီး ကြပ်မတ်စစ်ဆေး စောင့်ကြည့်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About