အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအား သမ္မတ ကြည့်ရှု စစ်​ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းအား သမ္မတ ကြည့်ရှု စစ်​ဆေး

မျိုးညွန့်ရွှေ(မိုးနဲ)
.
မြို့​တော် ​တောင်ကြီးသို့ ​​ရောက်ရှိ​နေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ရှိသူများနှင့်အတူ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ယနေ့ (​ဖေ​ဖော်ဝါရီလ ၆ ရက်) ​နေ့လယ်ပိုင်းတွင် သွား​ရောက်၍ စီမံကိန်း တည်ဆောက်နေမှုအား ကြည့်ရှု စစ်​ဆေးခဲ့ကြောင်း သိရသည်။
.
လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းတည်‌ဆောက်‌နေမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှုအား နိုင်ငံ​တော်သမ္မတအား ရှင်းလင်း တင်ပြခဲ့ပြီး​နောက် စီမံကိန်းဆောင်ရွက်လျက်ရှိ‌သော လုပ်ငန်းခွင်သို့ လိုက်လံ ကြည့်ရှု စစ်​​ဆေးခဲ့​ကြောင်း သိရသည်။
.
နိုင်ငံ​တော် သမ္မတသည် ​​ဖေ​ဖော်ရီလ ၇ ရက်တွင် ​တောင်ကြီးမြို့၌ ပြုလုပ်မည့် ရှမ်းပြည်နယ်​နေ့ အခမ်းအနားသို့ တက်​ရောက်သွားမည် ဖြစ်သည်။


No comments:

Post a Comment

Journal Download

Photo of three cats