တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မွေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမြော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 17, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မွေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမြော်


ခွန်အာကာ (ကျောက်တလုံး)
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များည် ဖေဖော်ဝါရီလ ၁၆ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
.
.
မွေတော်ကက္ကူဘုရားသို့ ရောက်ရှိလာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့အား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ PNA အသွင်ပြောင်းဌာနေ ပြည်သူ့စစ် တာဝန်ရှိသူများနှင့် ဒေသခံများက ကြိုဆိုခဲ့ကြောင်း သိရသည်။
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များည် သမိုင်းဝင်မွေတော်ကက္ကူဘုရား၊ အာသောကစေတီရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်အား ပန်းရေချမ်း ဆီမီးနှင့် သစ်သီးများ ကပ်လှူပူဇော်ပြီး၊ မွေတော်ကက္ကူဘုရား ဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းကာ အာသောကစေတီအား လက်ယာရစ် တစ်ပတ်လည့်လည်ကြည်ညိုခဲ့ပြီး အသစ် ဆောက်လုပ်လျက်ရှိသည့် ဓါတ်တော်၊ စွယ်တော်စံကျောင်းတော်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
.
ထို့နောက် မွေတော်ကက္ကူဘုရား၊ ဗုဒ္ဓရက္ခိတကျောင်းတိုက်၌ ပင်စုံကျောင်းဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးနောက် မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့မှ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About