ကျိုင်းတုံမြို့နယ်၊ ဟိုဟွယ်ကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် အကူအညီများ လိုအပ်နေ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Friday, February 21, 2020

ကျိုင်းတုံမြို့နယ်၊ ဟိုဟွယ်ကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် အကူအညီများ လိုအပ်နေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟိုဟွယ် (၁/၂) ကျေးရွာများတွင် နေ့ စဉ် အသုံးပြုရန်အတွက် သောက်သုံး ရေ အခက်အခဲ ဖြစ်ပေါ်နေသဖြင့် ရေ ရရှိရေးအတွက် အကူအညီများလို အပ်နေကြောင်း ဒေသခံများထံမှ သိ ရသည်။
.

.
သောက်သုံးရေ အခက်အခဲဖြစ် နေသည့် ဟိုဟွယ် (၁/၂) ကျေးရွာ များတွင် အိမ်ခြေ ၆၆ အိမ်၊ လူဦးရေ ၃၁၀ ဦး နေထိုင်ပြီး ယင်းကျေးရွာရှိ မူလတန်းကျောင်း၌ ဆရာမ ၅ ဦး နှင့် ကျောင်းသား/သူ ၆၆ ဦး ပညာ သင်ယူလျက်ရှိကြောင်း သိရသည်။
.
ကျွန်တော်တို့ ဟိုဟွယ် ၂ ရွာ လုံးမှာ ရေခက်ခဲနေပါတယ်။ အခုလို နွေရာသီမှာ တစ်အိမ်ကို ရေတစ်ဂါ လံ လောက်ပဲရတယ်။ ရွာနဲ့ တစ်မိုင် ခွဲလောက် ဝေးတဲ့ လယ်ကနေ ဆိုင် ကယ်နဲ့ ရေသယ်သုံးရပါတယ်” ဟု ဟိုဟွယ် (၂) ကျေးရွာနေ ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ထို့အတူ ဟိုဟွယ်ကျေးရွာ အ ခြေခံပညာမူလတန်းကျောင်းမှ ဆ ရာမ ဒေါ်မြင့်သက်ဆွေကလည်း “ဒီ ၂ ရွာလုံးအတွက် ရေလိုအပ်ချက်က အရေးကြီးပါတယ်။ ပြီးတော့ ရွာမှာ နေကြတဲ့ မိသားစုတွေအတွက် အိမ် သာအသုံးပြုဖို့လည်း လိုအပ်နေပါ သေးတယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ဟိုဟွယ် (၁) နှင့် (၂) ကျေးရွာများသို့ သောက်သုံးရေ သွယ်ယူနိုင်ရန်အတွက် ရေအရင်း အမြစ်ရှိရာ နေရာမှ ရွာအထိ သွယ် ယူရန် ရေပိုက်များ လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ဟိုဟွယ် (၁/၂) ကျေးရွာများ သည် ကျိုင်းတုံမြို့မှ မိုင် ၂၀ ခန့် ကွာ ဝေးပြီး တောင်တက်/ဆင်းလမ်း ဖြစ် သဖြင့် ဆိုင်ကယ်ဖြင့် သွားရောက် နိုင်သည့် မြေသားလမ်းရှိပြီး ပွင့်လင်း ခြောက်သွေ့ရာသီများတွင် မော် တော်ယာဉ်ငယ်များ ခက်ခဲစွာ မောင်း နှင်သွားလာနိုင်သော တောင်ပေါ် ကျေးရွာများဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ဟိုဟွယ် ကျေးရွာ ၂ ရွာအပါအဝင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၁ အုပ်စု၊ ကျေးရွာ ၇၁၈ ရွာ ပါဝင်ဖွဲ့စည်းထား ပြီး မြို့ပေါ်ရပ်ကွက်များ သောက်သုံး ရေ ရရှိရေးအတွက် ၈ မိုင် ပန်ကြူ ကျေးရွာရှိ နမ့်ကွီချောင်း ရေတင် စနစ်ဖြင့် ဖြန့်ဖြူးပေးလျက် ရှိသော် လည်း တောင်ပေါ်ဒေသက ကျေး ရွာ အများစုတွင် သောက်သုံးရေ အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats