ကျိုင်းတုံတက္ကသိုလ်တွင် အဝေးသင် ဘွဲ့ယူမည့် ကျောင်းသားများအား ဘွဲ့ဝတ်စုံနှင့် ဓါတ်ပုံဖိုးငွေ ပိုမိုတောင်းခံနေဟု ဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Friday, February 28, 2020

ကျိုင်းတုံတက္ကသိုလ်တွင် အဝေးသင် ဘွဲ့ယူမည့် ကျောင်းသားများအား ဘွဲ့ဝတ်စုံနှင့် ဓါတ်ပုံဖိုးငွေ ပိုမိုတောင်းခံနေဟု ဆို


ထက်တိုင်းကျော်
.
ကျိုင်းတုံတက္ကသိုလ်တွင် ကျင်းပမည့် အဝေးသင်တက္ကသိုလ် ဘွဲ့နှင်းသ ဘင်အခမ်းအနားသို့ တက်ရောက် ဘွဲ့ယူမည့် ကျောင်းသား/သူများ အား ဘွဲ့ဝတ်စုံငှားရမ်းခနှင့် ဓါတ်ပုံ ဖိုးငွေကြေး အဆမတန် ပိုမိုတောင်း ခံမှုများ ရှိနေသည်ဟု သိရသည်။
.
.
အဝေးသင်တက္ကသိုလ်၊ ကျိုင်း တုံတက္ကသိုလ် ဌာနခွဲတွင် ဖြေဆို အောင်မြင်ပြီး ဘွဲ့ယူကြမည့်ကျောင်း သား/သူ အချို့အား ကျိုင်းတုံတက္က သိုလ်ရှိ ဘွဲ့ယူရန်အတွက် ဖောင် ထုတ်ပေးသည့်ဌာနမှ ဘွဲ့ဝတ်စုံငှား ရမ်းခ ၃၇၀၀၀ ကျပ်နှင့် အမှတ်တ ရ ဓါတ်ပုံရိုက်ကူးခ ၃၆၀၀၀ ကျပ် ကောက်ခံနေခြင်းဖြစ်ကြောင်း ကိုယ် တိုင် ကြုံတွေ့ခဲ့ရသည့် ကျောင်းသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံတက္ကသိုလ်၊ စီမံရေးရာဌာန မှူး ဒေါ်ခင်သန်းဆွေအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်မတို့ကျောင်းမှာ အဝေးသင် တက္ကသိုလ် ဘွဲ့ပေးတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံငှားခ ကို ၁၀၀၀၀ ကျပ် သတ်မှတ်ထားပြီး တော့ ဓါတ်ပုံရိုက်တာက ကိုယ့်စိတ် ကြိုက် ရိုက်လည်း ရပါတယ်။ ဒီသ တင်းကို ပြောတဲ့သူ တာဝန်ယူ ရပါ လိမ့်မယ်ဟု ပြန်လည် ဖြေကြား ခဲ့သည်။
.
ယင်း ကိစ္စနှင့် ပတ်သက်၍ပင် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်စမ်းစမ်းမာကမူ “ဘွဲ့ ယူဝတ်စုံ က ၁၀၀၀၀ ကျပ်နဲ့ ကျိုင်း တုံတက္ကသိုလ် အမှတ်တရပစ္စည်း တွေနဲ့ ဘွဲ့လက်မှတ် ထည့်တဲ့အိတ် (Folder) အပါ ၃၇၀၀၀ ကျပ် ဖြစ်ပါ တယ်။ မှတ်တမ်းဓါတ်ပုံက ပုံသေး ၁၂ ပုံကို ၇၀၀ ကျပ်နှုန်းနဲ့ ဘောင်ပါ ပြီး ပုံကြီး ၂ ပုံက ၁၆၀၀၀ ကျပ် ဖြစ်ပါ တယ်။ ဒီကနေရလာတဲ့ ငွေတွေကို ကျောင်းအတွက်လိုအပ်တဲ့နေရာမှာ သုံးစွဲပါတယ်ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“မြန်မာနိုင်ငံမှာ ဘယ်တက္ကသိုလ် မှ အဝေးသင်ဘွဲ့ယူဖို့အတွက် အဲဒီ လောက်ပေးရတာ မရှိပါဘူး ဟု အ ဝေး သင်တက္ကသိုလ်၊ ကျိုင်းတုံတက္က သိုလ်ဌာနခွဲတွင် နောက်ဆုံးနှစ် ဖြေ ဆိုအောင်မြင်ပြီး ဘွဲ့ယူမည့်ကျောင်း သူ၏ မိဘအုပ်ထိန်းသူ တစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
အဝေးသင်တက္ကသိုလ်၊ ကျိုင်း တုံတက္ကသိုလ် ဌာနခွဲတွင် ဖြေဆို အောင်မြင်ဘွဲ့ရသည့် ကျောင်းသား/သူများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အထိ မန္တလေးမြို့တွင် သွားရောက် ဘွဲ့ယူခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်မှ စတင် ၍ ကျိုင်းတုံတက္ကသိုလ်၌ပင် ဘွဲ့ လက် မှတ် ပေးအပ်ခြင်းကြောင့်ကျောင်း သား/သူများနှင့် မိဘများမှ ဝမ်းသာ နေကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)