ကျိုင်းတုံမြို့နယ်၊ ပန်လော့ကျေးရွာ အနီးတွင် ကျောက်မိုင်းခွဲခြင်းနှင့် ကျွဲနွားများ လွှတ်ကျောင်းခြင်းကြောင့် ဒေသခံများ၏ နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးမှုရှိနေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 28, 2020

ကျိုင်းတုံမြို့နယ်၊ ပန်လော့ကျေးရွာ အနီးတွင် ကျောက်မိုင်းခွဲခြင်းနှင့် ကျွဲနွားများ လွှတ်ကျောင်းခြင်းကြောင့် ဒေသခံများ၏ နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးမှုရှိနေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ တာချီလိတ်လမ်းဘေးရှိ ပန်လော့ ကျေးရွာအနီးတွင် ကျောက်မိုင်းခွဲ ခြင်းနှင့် ကျွဲနွားများ စည်းကမ်းမဲ့လွှတ် ကျောင်းခြင်းတို့ကြောင့် ဒေသခံများ ၏ နေအိမ်များနှင့် စိုက်ခင်းများတွင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရ ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦး၏ ကျောက်မိုင်းခွဲမှုကြောင့် ဒေသခံ ကျေးရွာသားများအတွက် နေ့စဉ် စားဝတ်နေရေး လူနေမှုဘဝ ထိခိုက်နစ်နာမည်ကို စိုးရိမ်နေရ သည်ဟု ဒေသခံများက ပြောဆိုခဲ့ သည်။
.
“ကျွန်မတို့မိသားစု ခြံစိုက်စား ပါတယ်။ ကျောက်မိုင်းခွဲလို့ စိုက်ခင်း ပျက်စီးတာ၊ ရေပိုက်ပျက်တာ အမြဲ လို ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ ရက် ပိုင်းက ခွဲတဲ့မိုင်းကြောင့် ကျွန်မအိမ် ခေါင်မိုးတောင် ပေါက်သွားခဲ့ပါတယ် ဟု ဒေသခံတောင်သူ ဒေါ်ဆောင်း ဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ နမ့်နော်ကျေးရွာနေ ဒေသခံတစ်ဦးကလည်း “နမ့်နော် ချောင်းမှာ မိသားစု ဟင်းစားရဖို့အ တွက် ငါးရှာတာကို အခုမသွားရဲကြ တော့ပါဘူး။ ကျောက်မိုင်းခွဲလို့ လူကို ထိရင် သေသွားနိုင်ပါတယ် ဟု ၎င်း ၏အမြင်ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ကျောက်မိုင်းခွဲမှုနှင့် ပတ်သက်၍ လွယ်မွေကျေးရွာအုပ် စု အုပ်ချုပ်ရေးမှူး ဦးအားယိုဖာအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာ “ပြည်သူ့စစ် ခေါင်းဆောင်ရဲ့ ကျောက်ထုတ် လုပ်ကွက်ဖြစ်ပါ တယ်။ ကျွန်တော်တို့လည်း ဘေးပတ် ဝန်းကျင်ကို အန္တရာယ်ဖြစ်အောင် ကျောက်မိုင်းမခွဲဖို့ ပြောထားပါတယ် ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျောက်ထုတ်လုပ်ကွက် လုပ်ငန်း ရှင် ဖြစ်သူ ဦးအားဂူအား ဆက်သွယ် မေးမြန်းရာတွင် “ကျွန်တော့်မှာ လိုင် စင်ရှိတယ်။ သူတို့ ကျွန်တော့်ကို လာ မပြောလို့ ကျွန်တော် မသိဘူး။ ပျက် စီးရင် လျော်ပေးမယ်။ မကျေနပ် လည်း တိုင်ချင်ရာတိုင်ပေါ့ ဟု ပြန် လည်ဖြေကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် မြို့နယ် အတွင်း ကျောက်ထုတ်လုပ်ငန်းအ တွက် သတ်မှတ်စည်းကမ်းချက်များ ဖြင့် ကျောက်ထုတ်ခွင့်ပါမစ် ထုတ် ပေးခြင်း၊ သက်တမ်း တိုးပေးခြင်းများ ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကျွဲနွား များအား စည်းကမ်းမဲ့ လွှတ်ကျောင်း ခြင်း မရှိစေရေးအတွက်လည်း ညွှန် ကြားချက်များထုတ်ပြန်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)