ကျိုင်းတုံရှိ ရှေးဟောင်းပါလျန်မြို့ရိုး တံခါးအနီး အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရှောင်ကွင်း၍ အဝိုင်းပတ်လမ်း ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

ကျိုင်းတုံရှိ ရှေးဟောင်းပါလျန်မြို့ရိုး တံခါးအနီး အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရှောင်ကွင်း၍ အဝိုင်းပတ်လမ်း ပြုလုပ်မည်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ လွယ်မွေလမ်းပေါ်ရှိ ရှေး ဟောင်းပါလျန်မြို့ရိုးတံခါး ရေရှည် တည်တံ့ ခိုင်မြဲစေရေးအတွက် ယင်း မြို့ရိုးတံခါးဝင်ပေါက်မှ ယာဉ်မျိုးစုံ ဝင်ထွက် ဖြတ်သန်းမှုကို ပိတ်ပင်၍ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးကို ရှောင်ကွင်း၍ အဝိုင်းပတ်လမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
.
လက်ရှိတွင် လွယ်မွေဘက်မှ ကျိုင်းတုံမြို့တွင်းသို့ ဝင်ရောက်လာ သည့် ယာဉ်မျိုးစုံသည် ပါလျန်မြို့ရိုး တံခါး ဝင်ပေါက်အတွင်းမှ ဖြတ်သန်း ပြီး မြို့တွင်းမှ လွယ်မွေသို့ ထွက်ခွာ သည့် ယာဉ်များသည် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနောက် ကျောရှိ မြို့ရိုးတံခါး ရှောင်ကွင်းလမ်း မှ တစ်လမ်းမောင်းစနစ်ဖြင့် သွားလာ နေခြင်းဖြစ်ကြောင်း သိရသည်။
.
“မြို့ရိုးတံခါးကြီးက အောက် ခြေ ဖောင်ဒေးရှင်းနဲ့ အခိုင်အမာ ဆောက်ထားတာ မဟုတ်ပါဘူး။ မြေ ပေါ်မှာ တည်ထားရုံသဘောပဲရှိနေ တယ်။ ကားတုန်ခါအားကြောင့်ဖြစ် စေ၊ တိုက်မိလို့ဖြစ်စေ မြို့ရိုးတံခါး ကြီး ပြိုလဲသွားနိုင်တယ်။ ဒါကြောင့် မြို့ရိုးတံခါးကို သီးသန့်ထားပြီးယာဉ် အသွားအပြန်အတွက် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုကွင်း ပြီး အဝိုင်းပတ်လမ်း သတ်မှတ်ဖို့ စီ စဉ်နေပါတယ်”ဟု ကျိုင်းတုံခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ပါလျန်မြို့ရိုး တံခါးပေါက်နား ကပ်လျက် ဘယ်နဲ့ညာမှာ အလှဆင် ကမ္ဗည်းထိုးတာတွေ ပြီးပါပြီ။ မြို့ ရိုးတံခါး ဝင်ပေါက်ကို ပြည်တွင်း/ ပြည်ပဧည့်သည်တွေ လေ့လာတာနဲ့ အမှတ်တရ ဓါတ်ပုံရိုက်တာတွေနဲ့ စည်းကားနေတယ်။ ဒါကြောင့် မြို့ရိုး တံခါးထိန်းသိမ်းရေးက လိုအပ်ပါ တယ်” ဟု ကျိုင်းတုံမြို့နယ်စည်ပင် သာယာရေးကော်မတီဝင် ဦးစိုင်းလုံ ခမ်းကလည်း ၎င်း၏အမြင်ကို ပြော ဆိုခဲ့သည်။
.
ကျိုင်းတုံမြို့ကို ရှေးယခင် စော် ဘွားများ အုပ်ချုပ်ခဲ့စဉ်က မြို့အမည် အား တုံးပူရီ ခေမရဋ္ဌဟု ခေါ်တွင်ခဲ့ ပြီး မြို့အား ကျုံးဖြင့်ပတ်ကာ မြို့ ရိုးတံခါး ၁၂ ပေါက်ထားလျက် မြို့ အဝင်အထွက်အတွက် စီမံထားရှိ ခဲ့သော်လည်း လက်ရှိတွင် ပါလျန် တံခါးသာ ထင်ရှားစွာ ကျန်ရှိပြီး မြို့ ရိုးနှင့် ကျုံးများမှာ အဆောက်အဦ များ ကျူးကျော်ဆောက်လုပ်နေထိုင် ခြင်း၊ ကျုံးအတွင်း အမှိုက်များ စွန့် ပစ်ခြင်း၊ သစ်ပင်ချုံနွယ်များ ရှုပ်ထွေး စွာပေါက်ရောက်နေခြင်း များကြောင့် တိမ်မြုပ်နေဆဲဖြစ်ကြောင်း သိရ သည်။
.
ယဉ်ကျေးမှု အမွေအနှစ်ဒေသ များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ကို ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်က ပြည်ထောင်စုလွှတ်တော် တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကာ ကျိုင်းတုံရှိ မြို့ရိုးနှင့်  ကျုံးတို့မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက် ထားသည့် ရှေးဟောင်းအဆောက် အအုံဖြစ်ပြီး လက်ရှိ တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)၊ စွန်မွန်းရပ်ရှိ အလက (၄) နောက် ကျောမှ ရပ်ကွက် (၃) မွန်းဆန်းဘုန်းကြီးကျောင်းအထိ မြို့ ရိုးနှင့် ကျုံး လုံးဝမကျန်ရှိတော့ဘဲ ပါလျန်တံခါးသာ ကျန်ရှိနေပြီး ရပ် ကွက် (၁)ရှိ စဲင်းမိုင်းကျုံးအား ကား ကြီးကွင်း နောက်ကျောမှ ယန်းခမ်း တံခါးအထိ မြေဖို့၍ ပိတ်ဆို့ကာရံ ခံထားရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats