ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ အုပ်စုနှင့် နမ့်နီနမ့်လုံကျေးရွာအုပ်စုတို့ကို ဆက်သွယ်ပေးထားသည့် တံတားကို ပြန်လည် တည်ဆောက်ပေးရန် ဒေသခံများ လိုလားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ အုပ်စုနှင့် နမ့်နီနမ့်လုံကျေးရွာအုပ်စုတို့ကို ဆက်သွယ်ပေးထားသည့် တံတားကို ပြန်လည် တည်ဆောက်ပေးရန် ဒေသခံများ လိုလားနေ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စုနှင့် နမ့်နီနမ့်လုံ ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ပေးထားသည့် ယန်းခ ချောင်းကူး သစ်သားတံတားမှာ ပျက် စီးနေသဖြင့် ရာသီမရွေး သွားလာ နိုင်သော တံတားအသစ် တစ်စင်း ပြန်လည်တည်ဆောက်ပေးရန် ဒေ သခံများမှ လိုလားနေကြောင်း သိရ သည်။
.
.
ယန်းခ ကျေးရွာအုပ်စု၊ နောင် ဆာကချင်ရွာအနီးရှိ အဆိုပါ ယန်း ခချောင်းကူး သစ်သားတံတားပေါ် တွင် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာနိုင်ခြင်း မရှိဘဲ တံတား အောက်ခြေရှိ ရေချောင်းအတွင်းမှ ဖြတ်သန်း သွားလာနေရသဖြင့် အ ခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
.
“နွေရာသီ ရေးနည်းချိန်မှာ ချောင်းထဲက ကျောက်တုံးကျောက် ခဲတွေကို ရှောင်ပြီး ဖြတ်မောင်းလို့ ရပေမယ့် မိုးရာသီလို ရေများချိန်ဆို ရင်တော့ သွားလာရတာ တော်တော် လေး ဒုက္ခရောက်ပါတယ်” ဟု ယန်းခ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး ကျော်ဇင်လတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ နမ့်နီနမ့်လုံ ကျေးရွာ အုပ်စုရှိ နမ့်ခင် အခြေခံပညာအထက် တန်းကျောင်းတွင် တာဝန်ထမ်း ဆောင်နေသော ဆရာမတစ်ဦးက လည်း “ကျွန်မတို့ ကျောင်းအုပ်ကြီး ကတော့ မြို့နယ်ပညာရေးမှူးရုံးကို တာဝန်နဲ့ သွားလာရတာမျိုးတွေ ရှိတယ်။ ကျွန်မတို့အတွက် လို အပ်တဲ့ပစ္စည်း၊ အသုံးအဆောင် တွေကို ဆရာကြီးနဲ့ပဲ လမ်းကြုံ မှာရတယ်။ ကျွန်မတို့က တော့ ကျိုင်းတုံကို တစ်လ တစ်ခေါက် မ သွားဖြစ်ပါဘူး” ဟု ပြောသည်။
.
ကျိုင်းတုံမြို့နယ်၊ နမ့်နီနမ့်လုံ ကျေးရွာအုပ်စုသည် ကျေးရွာ ၁၆ ရွာ ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ယင်းဒေ သတွင် နေထိုင်ကြသည့်တိုင်းရင်း သားများနှင့် ပညာရေး၊ ကျန်းမာရေး ဌာန ဝန်ထမ်းများ၊ မြို့နယ်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင် ရွက်နေသော ဌာနဆိုင်ရာ ဝန်ထမ်း များအနေဖြင့် ယင်း ယန်းခချောင်း အား ဖြတ်သန်းကာ သွားလာနေရ ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်အတွင်း ရပ် ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၁ စု၊ ကျေးရွာ ၇၁၈ ရွာဖြင့် ဖွဲ့စည်း ထားပြီး မြို့နယ်လူဦးရေ စုစုပေါင်း ၁၇၀၆၆၀ ဦး နေထိုင်ကာ အများစုမှာ ကျေးလက်ဒေသတွင် နေထိုင်သူများ ဖြစ်ကြကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About