ကမ္ဘောဇအသက်အာမခံလုပ်ငန်းမှ ကျိုင်းတုံတွင် ကုမ္ပဏီလုပ်ငန်းများ အကြောင်း ရှင်းလင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 4, 2020

ကမ္ဘောဇအသက်အာမခံလုပ်ငန်းမှ ကျိုင်းတုံတွင် ကုမ္ပဏီလုပ်ငန်းများ အကြောင်း ရှင်းလင်း


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ စိန်ပန်းနီနီ စားသောက်ဆိုင် တွင် ဖေဖော်ဝါရီလ ၁ ရက်၊ ညနေပိုင်း က ကမ္ဘောဇအသက်အာမခံလုပ်ငန်း (KBZ LIFE Insurance Co,.Ltd.) မှ ကျိုင်းတုံမြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်များအား ကုမ္ပဏီ၏ လုပ်ငန်းအ ကြောင်း မိတ်ဆက်ရှင်းလင်းပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရသည်။
.
 
.
အဆိုပါ ရှင်းလင်းပွဲတွင် KBZ LIFE Insurance မှ မန်းနေးဂျင်း ဒါ ရိုက်တာ ဦးနေမျိုးအောင်က စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကြိုတင်မသိနိုင်သော ဘေးအန္တ ရာယ်များ ကြုံတွေ့လာနိုင်သော ကြောင့် လုပ်ငန်းခွင်အတွက် နစ်နာ ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန် ကမ္ဘောဇ အသက်အာမခံကုမ္ပဏီမှ အာမခံ လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း အဖွင့်မိတ်ဆက် စကား ပြောကြားခဲ့သည်။
.
ထို့နောက်အခမ်းအနား တက် ရောက်လာသူများ၏ သိရှိလိုသည် များကို မေးမြန်းခြင်း အစီအစဉ်၌ခရီး သွားလုပ်ငန်းရှင်တစ်ဦးက လက်ရှိ တ ရုတ်နိုင်ငံမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့ကူးစက်လျက်ရှိသော ကိုရိုနာ ဝူဟန်ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ် ရေးအတွက် ခရီးသွားမည့်ခရီးသည် တစ်ဦးချင်းစီအား နှာခေါင်းစည်း (Mask) ၁ ခုစီ မေတ္တာလက်ဆောင် ဝေငှလိုပါကြောင်း၊ ပြင်ပစျေးကွက် ပေါက်စျေးဖြင့် ဝယ်ယူရန်မှာ စျေး ကြီးမြင့်နေသည့်အပြင် ဝယ်မရသည့် အခက်အခဲများ ရှိနေပါသဖြင့် ကမ္ဘော ဇ အသက်အာမခံလုပ်ငန်းအနေဖြင့် မော်တော်ယာဉ်လိုင်းများအား သက် သာသောနှုန်းထားဖြင့် နှာခေါင်းစည်း များ ရောင်းချပေးစေလိုကြောင်း အ ကြံပြု ဆွေးနွေးပြောကြားခဲ့သည်။
.
အဆိုပါ အကြံပြုချက်နှင့် ပတ် သက်၍ ကမ္ဘောဇအသက် အာမခံ လုပ်ငန်းမှ ဦးအောင်ကျော်လွင်က အကြံပြုချက်ကို လေးစားကြိုဆို ဝမ်း သာပါကြောင်း၊ ခရီးသည်တစ်ဦးချင်း စီ၏ ကျန်းမာရေးကြိုတင်ကာကွယ် ရေးဆောင်ရွက်လိုသည့် စေတနာကို ကျေးဇူးတင်ပြီး အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။
.
ကမ္ဘောဇ အသက်အာမခံလုပ် ငန်း KBZ LIFE Insurance ကုမ္ပဏီ များကို မြန်မာနိုင်ငံအတွင်းရှိ ဒေသ အနှံ့အပြားတွင် ဖွင့်လှစ်ထားရှိပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၌ မော်တော် ယာဉ်လိုင်းများနှင့် ချိတ်ဆက်၍ ခရီး သွားအာမခံလုပ်ငန်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats