ရွှေတြိဂံဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အသစ် ရွေးချယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

ရွှေတြိဂံဇုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် အသစ် ရွေးချယ်


ထက်တိုင်းကျော်
.
မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင် များအသင်း၊ ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ ရွှေတြိဂံဇုန် ဟိုတယ်လုပ်ငန်း ရှင်များ အသင်း၏ ၂၀၂၀-၂၀၂၃ ခုနှစ် အလုပ်အမှုဆောင်အဖွဲ့သစ် အား ဖေဖော်ဝါရီလ ၁၄ ရက်က ကျိုင်းတုံမြို့ရှိ Amazing ဟိုတယ်အ စည်းအဝေးခန်းမတွင် ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရ သည်။
.
 
.
အသစ်ဖွဲ့စည်းမယ့် အလုပ်အ မှုဆောင်အဖွဲ့သစ် အနေနဲ့ ကြိုတင် သိထားဖို့ လိုအပ်တာက တောင်ကြီး မှာရှိတဲ့ ရှမ်းပြည်နယ်ဟိုတယ်နဲ့ ခ ရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာ န၊ ညွှန်ကြားရေးရုံးမှာ ပြုလုပ်တဲ့ ဟိုတယ်လုပ်ငန်းဆိုင်ရာ အစည်းအ ဝေးပွဲကို ရှမ်းပြည်နယ်ကိုယ်စားပြု ပြီး တက်ရောက်နိုင်ဖို့ လိုအပ်ပါ တယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အ စည်းအဝေးမှာ လိုအပ်ရင်လည်း တက်ရောက်နိုင်ကြဖို့ လိုအပ်ပါ တယ်”ဟု ကျိုင်းတုံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးစန်းလှိုင်က ပြောသည်။
.
ခရီးသွားလုပ်ငန်း ဆိုတာ မီး ခိုးတိတ်စီးပွားရေး ဖြစ်ပါတယ်။ ခရီး သွားဧည့်သည်တွေ များများဝင် ရောက်လာစေဖို့အတွက် ကိုယ့်ဒေ သမှာ လေ့လာလည်ပတ် ကြည့်ရှုဖို့ နေရာတွေ များနေဖို့ လိုအပ်ပါ တယ်။ ခရီးသွားဧည့်သည်တွေ ဝင်ရောက် လာတာကနေ ဆက်စပ်ပြီးတော့ တ ခြား စီးပွားရေးဖြစ်တဲ့ စားသောက် ဆိုင်၊ အမှတ်တရပစ္စည်း အရောင်း ဆိုင်နဲ့ စက်သုံးဆီ ရောင်းချရေးလို အလုပ်အကိုင် အခွင့်အလမ်းတွေ လည်း ရစေပါတယ်”ဟု ဟိုတယ်လုပ် ငန်းရှင် ဦးစိုးရွှေက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေ တြိဂံဇုန် ဟိုတယ်လုပ်ငန်းတွင် ဟို တယ် ၅၇ လုံးရှိပြီး တာချီလိတ်မြို့ သည် ထိုင်းနှင့် လာအို နယ်စပ်၌ တည်ရှိသဖြင့် ဒေသန္တရဗဟုသုတ အတွက် လေ့လာကြည့်ရှုလည်ပတ် သူ ခရီးသွားများ လာရောက်လည် ပတ်လေ့ရှိကာ ကျိုင်းတုံမြို့မှာ ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ် များ၊ သက်တမ်းရင့် လက်ဖက်ပင်များ၊ တိုင်းရင်းသားရိုးရာ ကျေးရွာများနှင့် ရိုးရာ လက်မှုလုပ်ငန်းများ ပေါများ သဖြင့် ကမ္ဘာလှည့်ခရီးသွားများ လာ ရောက်လည်ပတ်မှု ရှိနေကြောင်း သိ ရသည်။
.
ရွှေတြိဂံဇုန် ဟိုတယ်လုပ်ငန်းရှင် များအသင်း၏ အလုပ်အမှုဆောင် အဖွဲ့အား ၃ နှစ်တစ်ကြိမ် ရွေးချယ် ဖွဲ့စည်းခြင်းဖြစ်ပြီး ရွေးချယ်ပွဲတွင် နှစ်ပတ်လည် ငွေစာရင်း ရှင်းတမ်း ကိုလည်း ရှင်းလင်းဖတ်ကြားခဲ့ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About