ကျိုင်းတုံဟော်နန်း မြေနေရာ ပြန်လည်စွန့်လွှတ်ရေးအတွက် အငှားချစာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် စဉ်းစားမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 14, 2020

ကျိုင်းတုံဟော်နန်း မြေနေရာ ပြန်လည်စွန့်လွှတ်ရေးအတွက် အငှားချစာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် စဉ်းစားမည်


မင်းဇော်မင်း
.
ကျိုင်းတုံဟော်နန်း မြေနေရာ ပြန်လည်စွန့်လွှတ်ပေးရေးနှင့် ပတ် သက်၍ ဟိုတယ်အား နှစ် ၇၀ အငှား ချထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ပြန်လည် စဉ်းစားပေးနိုင် မည်ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး ဦးတင်လတ်က ပြောဆိုခဲ့သည်။
.
.
ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ၁၅ ကြိမ်မြောက် ပုံမှန်အ စည်းအဝေး တတိယနေ့ကို ဖေဖော် ဝါရီလ ၃ ရက်က ကျင်းပရာ ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာစိုင်းဆိုင်ကျောက် ဆမ်က ယင်းဟော်နန်း မြေနေရာ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်း မေးမြန်း စဉ် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.
ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့ သည့် ကျိုင်းတုံဟော်နန်း အဆောက် အဦသည် ဘက်စုံယိုယွင်းနေပြီး ခိုင် ခံ့မှု မရှိတော့သဖြင့် ၁၉၉၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ကုန်သွယ် ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေး အဖွဲ့က ယင်းနှစ် အောက်တိုဘာလ ၈ ရက်တွင် အ ဆောက်အဦအား ဖျက်သိမ်း၍ နိုင် ငံတကာ အဆင့်မီဟိုတယ်ဆောက် လုပ်ရန် ဆုံးဖြတ်ပြီး ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ကျိုင်းတုံဟို တယ်ကို လည်းကောင်း၊ ၁၉၉၆ ခု နှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ကျိုင်းတုံ ဟိုတယ်သစ်ကို လည်း ကောင်း ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အမည်ဖြင့် မြေ လွှဲရယူထားခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။
.
ထို့နောက်၂၀၁၄ ခုနှစ်တွင် မြန် မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကျိုင်းတုံဟိုတယ် အား Kyaing Tong Paradise အ မည်ဖြင့် ဒေါက်တာဖုန်းမြင့် ဆိုသူ  ပုဂ္ဂလိက လုပ်ငန်းရှင်သို့ ပရီမီယံ ကြေး ကျပ် ၂၅ သန်းဖြင့် ၂၀၁၄ ခု နှစ်မှ ၂၀၆၄ ခုနှစ်အထိ နှစ် ၅၀ အ ပြင် ၁၀ နှစ် ၂ ကြိမ်သက်တမ်းတိုး ၍ နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထား ခြင်းဖြစ်ကြောင်းနှင့် ကျိုင်းတုံ ဟို တယ်သစ်ကို Amazing Kyaing Tong Resorts အမည်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်သို့ မြေပရီမီယံကြေး ကျပ်သိန်း ၂၀၀ ဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၆၅ ခုနှစ် အ ထိအပြင် ၁၀ နှစ် ၂ ကြိမ် သက်တမ်း တိုး၍ နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်း ထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂ လိက လုပ်ငန်းရှင်များသို့ တရားဝင် အငှားချထားသည့် မြေများဖြစ်သဖြင့် စာချုပ်သက်တမ်းများ ကုန်ဆုံးချိန်မှ သာ ပြည်သူပိုင် အဆောက်အအုံများ ကို မူလပိုင်ရှင်နှင့် ဆက်ခံသူများက ပြန်လည်လျှောက်ထားသည့် ကိစ္စ နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက် များနှင့်အညီ စဉ်းစားပေးနိုင်မည် ဖြစ်သည်ဟု  ဒုတိယဝန်ကြီးကလွှတ် တော်တွင် ဖြေကြားခဲ့သည်။
.
“၂၀၁၉ ခုနှစ်၊ မေလက တင်ပြ တောင်းဆိုထားတာရှိပါတယ်။ အခု ချိန်အထိတော့ ဘာမှအကြောင်းပြန် တာ မရှိသေးပါဘူး။ လူထုဆန္ဒက တော့ ဟော်နန်းကို အမျိုးသားအ ထိမ်းအမှတ်အနေနဲ့ ပြန်တည် ဆောက်ချင်တဲ့ ဆန္ဒရှိနေကြပါ တယ်”ဟု ကျိုင်းတုံမြို့ ရှေ့ဟောင်း အမွေအနှစ် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းဟောင်ခမ်းက ပြော သည်။
.
ဖြိုဖျက်ခံခဲ့ရသည့် ကျိုင်းတုံ ဟော်နန်းမှာ အေဒီ ၁၉၀၅ ခုနှစ်၊ ကျိုင်းတုံစော်ဘွားကြီး စဝ်ကွန် ကျောက်အင်းထလျန် လက်ထက်က အိန္ဒိယနိုင်ငံမှ ဗိသုကာပညာရှင်ကို ခေါ်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် ပြည်နယ် အာဏာ ပိုင်များက ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။
.
လက်ရှိတွင် ကျိုင်းတုံစော်ဘွား ကြီး၏ ဆွေမျိုးများ ပါဝင်သောကျိုင်း တုံဟော်နန်း ဖော်ဆောင်ရေး ကော် မတီက ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရန် မြေနေရာ ပြန်လည် တောင်းခံထားပြီး ကျိုင်းတုံဟော် လုံပြတိုက်အဖြစ် ပြန်လည်တည် ဆောက်ရန် လိုလားနေကြသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)