ကျိုင်းတုံတွင် ပျံကျဈေးသည်များအား သင်တန်းပေး - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 27, 2020

ကျိုင်းတုံတွင် ပျံကျဈေးသည်များအား သင်တန်းပေး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ တိုင်းလိယဉ်ကျေးမှုခန်း မတွင် ဖေဖော်ဝါရီလ ၂၃ ရက်က ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ ကိုကာကို လာ လက်လီစီးပွားရေးကျွမ်းကျင် မှုသင်တန်း၊ အပြည် ပြည်ဆိုင်ရာ အ လုပ်သမားအဖွဲ့နှင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း ၍ ရွေ့လျား (ပျံကျ) စျေးသည်များ အတွက် လက်လီစီးပွားရေး တိုးတက် ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။
.
 
.
အဆိုပါ သင်တန်းသည် ဆိုင် ခန်းနေရာ အတည်တကျဖြင့် ထိုင်၍ ရောင်းချသော စျေးသည်မဟုတ်သူ၊ ရွေ့လျား ရောင်းချနေသော လက် လီစျေးသည်များ၏ စီးပွားရေး တိုး တက်စေရေးနှင့် ကျန်းမာရေးဘေး အန္တရာယ်ကင်းရှင်းရေးတို့ အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
.
သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ SIYB Myanmar Association ၏ CEO ဒေါ်နီမြစီ (ခ) Dr. Jenny Loa က “လက်လီ ရောင်းချနေကြတဲ့ ရွေ့လျားစျေး သည်တွေရဲ့ စီးပွားရေးတိုးတက်မှုမှာ ဝယ်ယူစားသုံးသူတွေက ကျန်းမာ ရေး ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထား ဂရုစိုက်လာကြပြီးကိုယ့် ရဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်လိုတိုး တက်အောင် လုပ်မှာလဲဆိုတဲ့ နည်း စနစ်ကို ဒီသင်တန်းမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ကျွန်မက ရာသီပေါ်သီးနှံတွေ ကို ရောင်းပါတယ်။ ရောင်းကောင်း ရင်တော့ အဆင်ပြေပါတယ်။ ရောင်း မကောင်းတဲ့အခါတော့ စိတ်ညစ်မိ တာပေါ့။ ဆိုင်နေရာ အတည်တကျ မရှိတော့ စည်ပင်ကနေ မောင်းလို့ ထွက်ပြေးရတာလည်း ရှိပါတယ်။ တစ်ရက်ကို စျေးကောက်ခ ၃၀၀ ကျပ် ပေးရပါတယ် ဟု သင်တန်း တက်ရောက်လာသည့် ရွေ့လျား စျေးသည်တစ်ဦးက ပြောသည်။
.
ကျိုင်းတုံမြို့မစျေးကြီးအတွင်း ၌ လက်ဆွဲခြင်းများဖြင့် ရာသီပေါ် သီးနှံများ ရောင်းချသူ၊ လူသုံးကုန် ပစ္စည်းများကို တစ်နိုင် သယ်ယူ ရောင်းချသည့် ရွေ့လျားစျေးသည် များရှိပြီး ကျိုင်းတုံမြို့နယ်နှင့် အနီး ပတ်ဝန်းကျင်မြို့နယ်/ကျေးရွာများ သို့ ဆမ်လော့ ၃ ဘီး၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် စားသောက်ကုန်တင်ဆောင်ရောင်းချသည့် ရွေ့လျား စျေးသည်များလည်း ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)