ရေကြည်တစ်ပေါက် ပရဟိတအသင်း၏ မူလတန်းကျောင်းသားများအတွက် လစဉ်ထောက်ပံ့ခြင်း အစီအစဉ် ပြီးဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

ရေကြည်တစ်ပေါက် ပရဟိတအသင်း၏ မူလတန်းကျောင်းသားများအတွက် လစဉ်ထောက်ပံ့ခြင်း အစီအစဉ် ပြီးဆုံး


ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့နယ်အတွင်းရှိ အ ခြေခံပညာကျောင်းများအား ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် ရေ ကြည်တစ်ပေါက် ပရဟိတအသင်း ၏ လစဉ်ထောက်ပံ့ခြင်း အစီအစဉ် မှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
.

.
ရေကြည်တစ်ပေါက် ပရဟိတ အသင်းသည် နှစ်စဉ် ကျောင်းဖွင့်ရာ သီတွင် မြို့နှင့်အလှမ်းဝေးပြီး သွား လာရေး ခက်ခဲသော အခြေခံပညာ ကျောင်းများရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအ တွက် ကျောင်းသုံးပစ္စည်း စာရေးကိ ရိယာများ၊ အဝတ်အထည်၊ အစား အသောက်နှင့် သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းပေးခြင်း၊ တစ် ကိုယ်ရေ ကျန်းမာရေးပညာပေးခြင်း၊ အားကစားနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိ ရသည်။
.
“ကျွန်တော်တို့ အသင်းဝင်တွေ နဲ့ ခင်မင်တဲ့ ပြည်တွင်း/ပြည်ပ အ လှူရှင်တွေရဲ့ အလှူငွေနဲ့ ပစ္စည်း တွေကို တစ်လတစ်ကျောင်းစီ လှူ ပေးနေခဲ့တာ အခု ၃၉ ကြိမ်မြောက် လှူပေးပြီးပါပြီ” ဟု ကျိုင်းတုံမြို့၊ ရေကြည်တစ်ပေါက် ပရဟိတပညာ ရေး ထောက်ပံ့မှုအသင်းဝင် ဦးနေ ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ရေကြည်တစ်ပေါက် ပ ရဟိတအသင်းကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ် ပြီး လက်ရှိတွင် အသင်းဝင်အင်အား ၂၀၀ ကျော် ရရှိနေပြီဖြစ်ကြောင်း သိ ရသည်။
.
“ရေကြည်တစ်ပေါက် အသင်း ရဲ့ အလှူကို လက်ခံရတဲ့အတွက် ကျောင်းနဲ့ ရွာအတွက် အလွန်အား ရကျေနပ်ပြီး ကျေးဇူးတင်ဖို့ ကောင်း ပါတယ်။ ဆရာမနဲ့ ကျောင်းသား/သူ တွေအတွက် ပြည့်စုံရုံ သာမကဘဲ ရွာသူ/ရွာသားတွေ အတွက်လည်း အစားအသောက်နဲ့ ရေခဲမုန့်လည်း လှူပေးပါတယ်”ဟု မူလတန်း ကျောင်းအုပ်ဆရာမတစ်ဦးက ပြော ဆိုခဲ့သည်။
.
ကျိုင်းတုံမြို့တွင် ရေကြည်တစ် ပေါက် ပညာရေးအထောက်အကူပြု ပရဟိတအသင်းနှင့် လူမှုရေး၊ သာ ရေး၊ နာရေးနှင့် ဘာသာရေး အသင်း အဖွဲ့များ အားကောင်းသဖြင့် မြို့ နယ်အတွင်း နေထိုင်ကြသော တိုင်း ရင်းသားပြည်သူများအတွက် အား ကိုးအားထားပြုနေရကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About