ကျိုင်းတုံတွင် လေကြောင်းလူငယ် သင်တန်း ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, February 15, 2020

ကျိုင်းတုံတွင် လေကြောင်းလူငယ် သင်တန်း ဖွင့်လှစ်မည်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း လေကြောင်း လူငယ် သင်တန်း ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
.
.
အဆိုပါ သင်တန်းတွင် အခြေခံ ပညာ အဋ္ဌမတန်းအောင် လူငယ်အ မျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၂၀ ဦး တို့ဖြင့် ရက်သတ္တပတ် ၄ ပတ်ကြာ သင်ကြား ပို့ချသွားမည် ဖြစ်သည်။
.
“သင်တန်းကာလမှာ သင်တန်း တက်ရောက်သူတွေအနေနဲ့ Camp ဝင်နိုင်သူ ဖြစ်ရပါမယ်။ သင်တန်း သား/သူတွေအတွက် စားရေး၊ နေ ရေးနဲ့ ယူနီဖောင်းဝတ်စုံလည်း စီစဉ် ပေးမှာဖြစ်ပါတယ်”ဟု ရှမ်းပြည် နယ်အရှေ့ပိုင်း ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
သင်တန်းကာလ ပထမ ၃ ပတ် ကို ကျိုင်းတုံမြို့တွင် လေကြောင်း လူငယ်အခြေခံသင်တန်းအား ပို့ချ ပေးသွားမည်ဖြစ်ပြီး စတုတ္ထပတ်၌ လက်တွေ့ လေ့လာရေးခရီးစဉ် အ ဖြစ် တပ်မတော်လေတပ် လေ့ကျင့် ရေးကျောင်းသို့ သွားရောက်လေ့ လာရမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ လွယ်မွေမြို့တွင် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က တပ်မတော် လေ တပ်အခြေစိုက်စခန်း ထားရှိခဲ့ဖူးပြီး လေကြောင်းရန် ကာကွယ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့ရေး တာဝန်များ ရယူခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)