ကျိုင်းတုံ​ဆေးရုံမှ က​လေးငယ်တွင် ကိုရိုနာ မရှိ​ကြောင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

ကျိုင်းတုံ​ဆေးရုံမှ က​လေးငယ်တွင် ကိုရိုနာ မရှိ​ကြောင်း ထုတ်ပြန်

ထက်တိုင်း​ကျော်
.
ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်မှုများ ပြုလုပ်​နေသည့် တစ်နှစ်ကျော်ခန့်ရှိ ကလေးငယ် (မ)တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ​ရောဂါ မရှိ​ကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.

" ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာပဲ ကျန်းမာရေးဝန်ကြီးဌာနကနေ ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောင်းမွန်ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။ ခုဆေးရုံမှာ ကလေးနဲ့လူကြီးတွေ အားလုံး ပုံမှန် ကျန်းမာရေးအနေအထားကို တွေ့ရပါတယ်"ဟု ရှမ်းပြည်နယ် အ​​ရှေ့ပိုင်း ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေး ဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က ကျိုင်းတုံလေဆိပ်မှ တဆင့် တရုတ်နိုင်ငံသို့ ပြန်မည့်
တရုတ်နိုင်ငံသား ၂ ဦးနှင့် ကလေးငယ်အပါအဝင် အမျိုးသမီး ၃ ဦးတို့ အနက် ကလေးငယ်တွင် ကိုရိုနားဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​စောင့်ကြည့်ရန် လိုအပ်ခြင်း​ကြောင့် ခရီးအား ယာယီ တားမြစ်ကာ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
.
ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက "ကျန်းမာရေးအတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးက အရေးကြီးပါတယ်။ လက်ကိုစင်ကြယ်အောင် ဆေးတာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ အိပ်ရေး ဝအောင် အိပ်တာနဲ့နွေးနွေးထွေးထွေးနေမယ်။ လူစုလူဝေး ရှိတတ်တဲ့ နေရာတွေကို ရှောင်ပြီး နှာစေး ချောင်းဆိုး မဖြစ်အောင် ဂရုစိုက်မယ်ဆိုရင် သိပ်ကြောက်နေစရာ မလိုပါဘူး"ဟု ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြောသည်။
.
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူမှာ ယ​နေ့အချိန်ထိ ၂၈၂၇၆ ဦး၊ ​သေဆုံးသူ ၅၆၅ ဦး ရှိပြီ ဖြစ်ကာ မြန်မာနိုင်ငံ၌ ကူးစက်ခံရသူ မရှိ​သေးဘဲ ရှမ်းပြည်နယ် အတွင်းရှိ နမ္မတူ​ဆေးရုံတွင် သံသယ လူနာ တစ်ဦး၊ ​တောင်ကြီး စဝ်စံထွန်း ​​​ဆေးရုံတွင် ​စောင့်ကြည့်လူနာ တစ်ဦး ရှိ​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats