ကျိုင်းတုံမြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 23, 2020

ကျိုင်းတုံမြို့မဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးတွင် ဖေဖော်ဝါရီလ ၂၀ ရက်က နွေရာသီ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
“ကျိုင်းတုံခရိုင် မီးသတ်ဦးစီး ဌာန၊ မီးသတ်တပ်ဖွဲ့မှူး ဦးဆောင်ပြီး တော့ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လက်တွေ့ သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ပါ တယ်။ မြို့မဈေး မီးဘေး လုံခြုံရေးအတွက် အသိ၊ သတိနဲ့ ကြိုတင်ကာကွယ်ရေး ပညာပေးကို ဈေးသူ/ဈေးသားတွေ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ကျိုင်းတုံမြို့ နယ်စည်ပင်သာယာရေး ဌာနမှ အမှုဆောင် အရာရှိ ဦးကျော်မင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ကျိုင်းတုံ မြို့မဈေးသည် ရှမ်း ပြည်နယ်အရှေ့ပိုင်းတွင် လူသိများ ထင်ရှားသည့် ဈေးတစ်ခု ဖြစ်ပြီး ပြည်တွင်း/ ပြည်ပ ကုန်ပစ္စည်းမျိုးစုံ ခင်းကျင်း ရောင်းချသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့နယ်များမှ ဈေးဝယ်သူများအပြင် ပြည်တွင်း/ ပြည်ပမှ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားသည့် ဈေးတစ်ခုဖြစ်ကြောင်း သိရသည်။
.
ယင်း ကျိုင်းတုံမြို့မဈေးကြီး စည်ပင်သာယာလှပရေးနှင့် ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးဌာန၊ ဈေးကော်မတီနှင့် ဈေးသူ/ ဈေးသားများမှ စဉ်ဆက်မပြတ် ပူး ပေါင်းဆောင်ရွက်လျက်ရှိရာ နွေရာ သီကာလတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ် များသည်လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ မီးဘေးအန္တရာယ် ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ ကျင့်ရာသို့ ရှမ်းပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၊ ဈေးကော်မတီနှင့် ဈေးသူ/ဈေးသားများ ပါဝင်တက် ရောက်ခဲ့ကြပြီး ဈေးသူ/ဈေးသား များကိုယ်တိုင် မီးသတ်ဆေးဘူး စ နစ်တကျအသုံး ပြုတတ်စေရန် အတွက် လက်တွေ့မီးငြှိမ်းသတ် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About