ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင် ဘိန်းစိမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီးတွင် ဘိန်းစိမ်းများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအနီး၊ ကလော-သာစည်သွား ပြည်ထောင်စုလမ်းမ ပေါ်တွင် ဖေဖော်ဝါရီလ ၂ ရက်၊ မွန်းလွဲပိုင်းက ဘိန်းစိမ်းများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.
.
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးနှင့် ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာ၊ ကလော-သာစည်သွားပြည်ထောင်စုလမ်းမ၊ အောင်မြေသာယာဘုန်းတော်ကြီးကျောင်းဝင်ပေါက်အနီးတွင် မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ကလောဘက်မှ သာစည်ဘက်သို့ လွိုင်ကော်မြို့နေ ဖိုးလုံး (ခ) အောင်မြင့်ဌေး (၂၄ နှစ်) မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်မှ ဘိန်းစိမ်း ဟု ယူဆရသော အမဲရောင်အစေးအခဲ  ၆၁ ဒသမ ၅  ကီလို၊ ဒေသကာလပေါက်ဈေး ကျပ် ၃၆၉ သိန်းတန်ဖိုးအား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“သူပြောတာကတော့ ဖယ်ခုံအင်းအရှေ့ဘက် ရွာတစ်ရွာကနေ ၅ သောင်းပေးပြီး သာစည်ကို သယ်ခိုင်းတယ်လို့ ပြောတယ်။ ကွင်းဆက် စစ်ဆေးနေပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဘိန်းစိမ်းဟု ယူဆရသည့် အမဲရောင်အစေးများအား သယ်ဆောင်လာသူ ဖိုးလုံး (ခ) အောင်မြင့်ဌေးအား ကလောမြို့မရဲစခန်းမှ မယ(ပ) ၉/၂၀၂၀ ၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About