ကလောတွင် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

ကလောတွင် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းကုန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေး ၁၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ ရဲအုပ်အေးမင်းထွန်း ဦးစီး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးသတင်းအရ ကလောမြို့နယ်၊ ဘော်နင်းကုန်းကျေးရွာ အထွက် တံတားအနီး၊ ပင်လောင်း-ကလောသွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၂/၂ တွင် စောင့်ဆိုင်းရှာဖွေမှုများ ပြုလုပ်နေစဉ် ပင်လောင်းဘက်မှ ကလောဘက်သို့ ခွန်အောင်မျိုး မောင်းနှင်ပြီး တင့်ဆွေဦး (ခ) တောက်တက် လိုက်ပါစီးနင်းလာသည့် LOUJIA အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ တင့်ဆွေား (ခ) တောက်တက် ဝတ်ဆင်ထားသည့် မီးခိုးရောင် အောက်ခံဘောင်းဘီအတွင်းမှ အနက်ရောင်တိပ်ဖြင့်ပတ်၍ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၂၀ ဂရမ်ခန့်နှင့် ဆိုင်ကယ်ထိုင်ခုံ ကူရှင်အတွင်း အနက်ရောင်တိပ်ဖြင့်ပတ်၍ အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ပြား၊ အလေးချိန် ၈၀ ဂရမ်ခန့်၊ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀ ပြား၊ အလေးချိန် ၁၀၀ ဂရမ်ခန့်၊ ခန့်မှန်းကာလတန်ဖိုး ကျပ် ၁၀ သိန်းအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ၎င်းတို့ ၂ ဦးအား စစ်ဆေးမေးမြန်းမှုအရ အဆိုပါ မူးယစ်ဆေးဝါးများကို ပင်လောင်းမြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာ တောအတွင်း ယခင်က တစ်ကြိမ်တွေ့ဖူးသူ အမျိုးသားတစ်ဦးမှ အောင်ပန်းမြို့အထွက်ရှိ ထင်းရှူးပင် အောက်သို့ ပို့ပေးရန် ငွေကျပ် ၂ သိန်းဖြင့် စေခိုင်းသဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသဖြင့် ဆက်စပ်တရားခံ အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
သို့ဖြစ်၍ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရှိသူ ပင်လောင်းမြို့နယ်နေ တင့်ဆွေဦး (ခ) တောက်တက် (၄၁ နှစ်)နှင့် ခွန်အောင်မျိုး (၂၀ နှစ်) တို့ ၂ ဦးအား ကလောမြို့မရဲစခန်းတွင် မယ (ပ) ၈/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About