ကလောတွင် တပ်မတော်သားတစ်ဦးအား နေအိမ်၌ သေဆုံးလျက် တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

ကလောတွင် တပ်မတော်သားတစ်ဦးအား နေအိမ်၌ သေဆုံးလျက် တွေ့ရှိ


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ဖေဖော်ဝါရီလ ၆ ရက်၊ နံနက်ပိုင်းက တပ်မတော်သားတစ်ဦးအား ၎င်း၏ နေအိမ်၌ သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။
.


.
ကလောမြို့၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ်တွင် ဖေဖော်ဝါရီလ ၆ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦးအား သေဆုံးလျက် တွေ့ရှိရကြောင်း သတင်းအရ ကလောမြို့မရဲစခန်းမှူး ဒုရဲမှူးလှနိုင် ဦးစီး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ယင်းတပ်တွင် တာဝန်ထမ်းဆောင်နေသူ ဒုတပ်ကြပ်ကြီး မျိုးဝင်းစိုး (၄၅ နှစ်) ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း၏ နေအိမ်အိပ်ခန်း အတွင်း ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ ပက်လက်အနေအထားဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ သေဆုံးသူသည် လွန်ခဲ့သော ၃ ရက် ခန့်ကတည်းက သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဒုတပ်ကြပ်ကြီး မျိုးဝင်းစိုး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ကလောမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဥ် (၄/၂၀၂၀) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats