ကလောတွင် နဝမတန်းကျောင်းသူအား ကာမသွေးဆောင်ရယူခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးကို အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

ကလောတွင် နဝမတန်းကျောင်းသူအား ကာမသွေးဆောင်ရယူခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးကို အမှုဖွင့်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် မိဘအုပ်ထိန်းမှုအောက်ရှိ နဝမတန်း ကျောင်းသူတစ်ဦးအား အဝတ်အထည်နှင့် မိန်းကလေးအသုံးအဆောင်များ ဝယ်ပေးကာ ကာမသွေးဆောင်ရယူသည် ဟုဆိုကာ အမျိုးသားတစ်ဦးကို ဖေဖော်ဝါလ ၁၅ ရက်က အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း ကလောမြို့မရဲစခန်းမှ သိရသည်။
.
.
“အသက် ၁၈ နှစ်အောက်ကို ကလေးသူငယ်အနေနဲ့ သတ်မှတ်ပါတယ်။ အခုက မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေဆဲ ကျောင်းသူကို အဝတ်အစားနဲ့ ပစ္စည်းတွေဝယ်ပေးပြီး ကာမလိမ်လည်ရယူမှုနဲ့ မိသားစုက တိုင်ကြားလို့ ကျူးလွန်သူကို အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေပါတယ်” ဟု ကလောမြို့မရဲစခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော နဝမတန်းကျောင်းသူသည် ဇန်နဝါရီလ ၂ ရက်က ညနေ ၅ နာရီအချိန်ခန့်အထိ မိဘအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် မိသားစုမှ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး အဖွဲ့များ၊ သက်သေများနှင့်အတူ လိုက်လံရှာဖွေရာ ကလောမြို့၊ အမှတ် (၃) ရက်ကွက်ရှိ ဘူတာလိုင်းခန်းမှ သမီးဖြစ်သူ ထွက်လာသည်ကို တွေ့ရှိရသဖြင့် မေးမြန်းရာ ယင်းလိုင်းခန်းနေ ဘူတာလုပ်သား စောပြည့်အောင် (၃၂ နှစ်) ဆိုသူက သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် မိသားစု အရှက်မရစေရေးအတွက် အခြားတစ်နေရာသို့ ပို့ဆောင်ထားစဉ် စောပြည့်အောင်က ၎င်းဝယ်ယူပေးခဲ့သည့် အဝတ်အစားများနှင့် အမျိုးသမီး အသုံးအဆောင်များကို ပြန်ရလိုကြောင်း စာဖြင့် တောင်းခံလာသည့်အတွက် စောပြည့်အောင်အား စစ်ဆေးရာ ကျောင်းသူအား သားမယား အဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် မိဘအုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသေးသော သမီးဖြစ်သူကို ကာမသွေးဆောင်ရယူခဲ့မှုဖြင့် စောပြည့်အောင်အား ဖခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းသို့ တိုင်တန်းချက်အရ မိဘအုပ်ထိန်းမှုအောက်ရှိ အမျိုးသမီးငယ်အား ဖျားဘောင်းသွေးဆောင်၍ ကာမရယူ ပေါင်းသင်းဆက်ဆံခဲ့သူ စောပြည့်အောင်အား ကလောမြို့မရဲစခန်းမှ (ပ)၂၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About