ကွမ်းလုံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 4, 2020

ကွမ်းလုံတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်က ကျပ်သိန်း ၃၄၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများအား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီလ ၂ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် ကန်မိန်းကျေးရွာဘက်မှ ဖာဆန်ကျေးရွာဘက်သို့ ရမည်းသင်းမြို့နယ်၊ ပျားစီကျေးရွာနေ ဆန်းလင်းအောင် (၁၉ နှစ်) မောင်းနှင်ပြီး တပ်ကုန်းမြို့နယ်၊ သုံးလမ်းဆုံ ကျေးရွာနေ ဝင်းလှ (၅၃ နှစ်) စီးနင်းလိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော စက္ကူဖာအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၁၃၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၃၄၆ ဒသမ ၉၅ သိန်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ၎င်းတို့အား စစ်ဆေးချက်အရ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ၏ ပိုင်ရှင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပျားစီ ကျေးရွာနေ မြင့်စိုး (၄၆ နှစ်) အား ကွမ်းလုံမြို့နယ်၊ ကန်မိန်း-ဖာဆန် သွားကားလမ်း ပေါ်၌  စိတ်ကြွရူးသွပ်ဆေးပြား ၂၇၈၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄၁၇ သိန်း နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောာင်း သိရသည်။
.
အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ်သက်၍ ကွမ်းလုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats