ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၆၀ တန်ဖိုးရှိ အသက်ကယ်လှေ နှင့် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Monday, February 24, 2020

ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၆၀ တန်ဖိုးရှိ အသက်ကယ်လှေ နှင့် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း


ကမ္ဘောဇတိုင်း
.
ကမ္ဘောဇဘဏ်မှ ဝေးလံခေါင် သီသော ဒေသများရှိ ပြည်သူများ အတွက် သဘာဝဘေးအန္တရာယ်ရှိ သည့် ဒေသများနှင့် အရေးတကြီး လိုအပ်သည့် အသက်ကယ်လှေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကျပ်သန်း ၆၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
အနာဂတ်တွင် အသယ်ကယ် လှေများ ရှိနေနိုင်ရေးအတွက် ကမ္ဘော ဇဘဏ်မှ မကြာသေးမီက ကျပ်ငွေ ၅၆ သန်းကျော် တန်ဖိုး ရှိသည့် အသက်ကယ်လှေ ၂၆ စင်းကို သ ဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအ သင်းသို့ လှူဒါန်းခဲ့ကြောင်း သိရ သည်။
.
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန လက်အောက်ရှိ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန၊ UNDP တို့၏ ဦးဆောင်မှုဖြင့် ကမ္ဘော ဇဘဏ်တွင် အသစ်ဖွဲ့စည်းလိုက် သော Social Purpose and Impact Partnerships Committeeသည် သဘာဝဘေးအန္တရာယ်ရှိသည့် ဒေ သများအတွက် အရေးတကြီး လို အပ်သည့် အသက်ကယ်လှေကဲ့သို့ သော ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သဘာဝဘေး ဒဏ်ကို ခံနိုင်သော လူမှုအဖွဲ့အစည်း တစ်ရပ်ကို ထူထောင်ပေးရန် ဆို သည့် ဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ် ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အသက်ကယ်လှေများ အား ရန်ကုန်တိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးများရှိ သက်ဆိုင်ရာ ကြက်ခြေနီ ကိုယ်စားလှယ်ရုံးများသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့်၂၀၁၉ ခုနှစ်၊ ဩ ဂုတ်လအတွင်း ရေကြီးခြင်း၊ မြေပြို ခြင်းများကို ကြုံတွေ့ခဲ့ရပြီး ကမ္ဘော ဇဘဏ်သည် Yangon Rescue Organization မှ တစ်ဆင့် မွန်ပြည် နယ်အတွင်းမှ ရေဘေးသင့် ပြည် သူများထံသို့ ငွေကျပ် (၃၅) သန်းကို လှူဒါန်းခဲ့ပြီး ကမ္ဘောဇဘဏ် အနေ ဖြင့် နိုင်ငံတစ်ဝှမ်းရှိ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဆက်လက်ပြီး ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့ရာတွင် ဘဏ်၏ ရည်မှန်းချက်နှင့်အညီ သ ဘာဝဘေးအန္တရာယ် တားဆီးကာ ကွယ်ရေးနှင့် သဘာဝဘေးအန္တ ရာယ် လျှော့ချရေး အစီအစဉ်များတွင် အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံပေး လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats