ကမ္ဘောဇဘဏ်အနေဖြင့် ပြည်သူများ၏ ဘဝနေထိုင်မှုအဆင့်အတန်း မြင့်မားလာရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရေး တို့အတွက် အသွင်ကူးပြောင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

ကမ္ဘောဇဘဏ်အနေဖြင့် ပြည်သူများ၏ ဘဝနေထိုင်မှုအဆင့်အတန်း မြင့်မားလာရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရေး တို့အတွက် အသွင်ကူးပြောင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဟုဆို


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံသည် ကမ္တာတစ်ဝှမ်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံများတွင် ပါဝင်လာသည်နှင့်အမျှ ကမ္ဘောဇဘဏ် အနေဖြင့် ဒေသခံပြည်သူများ၏ ဘဝနေထိုင်မှုအဆင့်အတန်း ပိုမိုမြင့်လားလာစေရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး တွန်းအားပေးရန်နှင့် နိုင်ငံ၏ ဘဏ်လုပ်ငန်းဂေဟစနစ် ပိုမိုအဆင်ပြေ ချောမွေ့လာစေရန် လုပ်ဆောင် သွားမည်ဖြစ်သည်ဟု သိရသည်။
.
.
ကမ္ဘောဇဘဏ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဘဏ်ဝန်ဆောင်မှုလုပ်ငန်း ရယူသူများအတွက် ခိုင်ခိုင်မာမာ ရပ်တည်၍ တစ်စိုက်မတ်မတ် ဝန်ဆောင်မှုပေးလျက်ရှိပြီး အလုံးစုံ အသွင်ကူးပြောင်းမှု စီမံကိန်းများကို မကြာသေးမီကာလအတွင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်၏ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် အဆင့်ဆင့်တွင် လုပ်ငန်းလည်ပတ်ပုံနှင့် ဝန်ဆောင်မှု စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် မျိုးqက်သစ် ဘဏ်လုပ်ငန်းစနစ်တစ်ခု ထွန်းကားလာစေရေးနှင့် မြန်မာနိုင်ငံအတွက် မိုဘိုင်းလ်ဦးစားပေး ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုများကို ပုံဖော်နိုင်မည့် တီထွင်ဆန်းသစ်သော နည်းပညာများကို ဖန်တီးပေးရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကမ္ဘောဇဘဏ်အနေဖြင့် ယုံကြည်စိတ်ချနိုင်သော အဆင့်မြင့်ဘဏ္ဍာရေးဂေဟစနစ် ဖော်ဆောင်နိုင် ရန်အတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML) လုပ်ဆောင်ချက်များနှင့် ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများ၏ အချက်အလက်ကို စစ်ဆေးအတည်ပြုထားသည့် (KYC) အဆင့်များကို ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ငွေသားမဲ့ဘဏ္ဍာရေးစနစ်သို့ အကူးအပြောင်းတွင် KBZPay ဝန်ဆောင်မှုစနစ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင်မိတ်ဆက်ခဲ့ရာ လက်ရှိတွင် အသုံးပြုသူ ၄ သန်း ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် နေ့စဉ် KBZPay အသုံးပြုသည့် ငွေကြေးဝန်ဆောင်မှု ၃ သိန်းခန့် ရှိနေပြီး လစဉ်ငွေကြေးလုပ် ဆောင်ချက် ၁၁ သန်းကျော် ရှိနေပြီဖြစ်ကာ ၂၀၁၉ တစ်နှစ်တာအတွင်း ငွေကြေးလုပ်ဆောင်ချက်ပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဘဏ်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားပြီး လက်ရှိအချိန် အထိ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများအတွက် အသိအမှတ်ပြုဆု များစွာကို ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats