အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးဥပဒေပါ အချက် တစ်ခုအား ပြင်ဆင်ပေးရန် တင်ပြပြီး သဘော မတူပါက ကန့်ကွက်သွားမည်ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

အင်းလေးကန် ထိန်းသိမ်းကာကွယ်ရေးဥပဒေပါ အချက် တစ်ခုအား ပြင်ဆင်ပေးရန် တင်ပြပြီး သဘော မတူပါက ကန့်ကွက်သွားမည်ဟု ဆို


စိုင်းရာဇာ
.
အင်းလေးကန် ထိန်းသိမ်းရေး ဥပဒေ (မူကြမ်း) အခန်း (၁) ပါ အချက် တစ်ချက်အား ပြင်ဆင်ပေးရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ တင်ပြ သွားမည်ဖြစ်ပြီး သဘောတူညီမှု မရရှိပါက ယင်းဥပဒေကို ကန့်ကွက် သွားမည်ဟု Save The Inle Lake အဖွဲ့ထံမှ သိရသည်။
.
.
ယင်းဥပဒေမူကြမ်း၊ အခန်း (၁) ပုဒ်မ (၂) ပုဒ်မခွဲ (စ) ပါ ဇီဝအဝန်းနယ် မြေဆိုသည်မှာ ကုန်းမြေနှင့် ရေချို ဒေသ ဂေဟစနစ်များအတွင်း ဇီဝမျိုး စုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ရေ ရှည် စဉ်ဆက်မပြတ် အသုံးပြုနိုင် ရေးတို့အတွက် အတူယှဉ်တွဲ ဟန် ချက်ညီစွာ ထိန်းညှိပေးနိုင်မည့် လုပ် ငန်းစဉ်များကို သတ်မှတ်ဖော်ဆောင် လုပ်ကိုင်လျက်ရှိသည့် နယ်မြေဒေ သကို ဆိုလိုကြောင်း ဖော်ပြချက်ကို သဘောမတူခြင်း ဖြစ်ကြောင်း Save The Inle Lake အဖွဲ့ ဥက္ကဋ္ဌ ကိုခင်မောင်လတ်ထံက သိရသည်။
.
သစ်တောရဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာထုတ်တဲ့ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေမှာ ဇီဝအဝန်းနယ်မြေဆိုတာ အင်းလေးကန်တစ်ခုလုံးကို သိမ်း ကြုံး ဆိုထားတယ်။ ရွာရဲ့ ခြံယာ၊ လယ်ယာမြေကို ဖယ်ထုတ်လုပ်ပြီး ဒါအင်းလေးကန် ရေတင်ဧရိယာ ဇီ ဝမျိုးစုံမျိုးကွဲဧရိယာ သီးခြားသတ် မှတ်ပေးစေချင်တယ်။ အခုက အဲဒီ အချက်တွေ မပါဘူးဖြစ်နေတယ်” ဟု ကိုခင်မောင်လတ်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အင်းလေးကန် ထိန်းသိမ်းကာ ကွယ်ရေးဥပဒေ (မူကြမ်း)အား ရေး ဆွဲရာတွင် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် ညောင်ရွှေဒေသ ခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဲဒီအချက်ကို ပြန်ပြီးတော့ ပြင်ဆင်ပေးနိုင်မလားလို့ မေးရမယ်။ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးမယ်။ ဆွေးနွေးလို့မှ မပြင်ဆင်ပေးဘူးဆို ရင်တော့ ကျွန်တော်တို့က ကန့်ကွက် သွားရမှာပေါ့”ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ထို့အပြင် ယင်းဥပဒေ အခန်း (၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဆ)တွင်လည်း သဘာဝနယ်မြေဆိုသည်မှာ တော ရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ သက်ရှိသက်မဲ့ ဖွဲ့စည်းမှုများ (သို့မ ဟုတ်) ထင်ရှားသော ပထဝီအနေ အထားများ၊ တည်ရှိသည့်ဒေသများ ကို ရေရှည်တည်တံ့ရေးအတွက် ကာ ကွယ်ထိန်းသိမ်းရန်အလို့ငှာ သတ် မှတ်သည့် နယ်မြေကို ဆိုသည်။ (၂၀၁၈ ခုနှစ် ဇီဝမျိုးစုံမျိုးကွဲနှင့် သ ဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ) ဟု ဖော်ပြထားသည်။
.
အဆိုပါ အင်းလေးကန်ထိန်း သိမ်းရေးဥပဒေ (မူကြမ်း)တွင် အ ခန်း ၉ ခန်း ပါဝင်ပြီး ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
.
ယင်းဥပဒေကြမ်းနှင့် ပတ်သက် ၍ လူထုကြားနာပွဲများကို အင်းလေး ကန် ရေဝေရေလဲဒေသ ၁၀ မြို့နယ် တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About