အရှေ့အာရှ ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း ၉ ခုတွင် အင်းလေးကန် ပါဝင် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, February 29, 2020

အရှေ့အာရှ ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း ၉ ခုတွင် အင်းလေးကန် ပါဝင်


စုလှိုင်
.
ဆောင်းရာသီ ကာလအတွင်း ကမ္ဘာအနှံ့ ပျံသန်းနေသော အရှေ့ အာရှ ဆောင်းခိုငှက်များ၏ ပျံသန်း ရာ လမ်းကြောင်း ၉ ခုတွင် ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ် ရှိ အင်းလေးကန်သည်တစ်ခု အပါ အဝင်ဖြစ်သည်ဟု သိရသည်။
.

.
မြန်မာနိုင်ငံထဲမှာတင် မဟုတ် ဘဲ အရှေ့အာရှက ထိုင်း၊ လာအိုလို နိုင်ငံတွေမှာလည်း ရှိတယ်။ ဆောင်း ခိုငှက်တွေရဲ့ အဓိကပျံသန်းရာ လမ်း ကြောင်း ၉ ခုမှာ အင်းလေးကန် ဧရိယာကိုလည်း တရားဝင် အတည် ပြု သတ်မှတ်ထားပါတယ်” ဟု အင်း လေးကန် သဘာဝ ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြေသည်။
.
အရှေ့အာရှ ဆောင်းခိုငှက်များ၊ ဒေသပြောင်း ရေပျော်ငှက်များ ပျံ သန်းရာ လမ်းကြောင်းပေါ်တွင် အဓိ ကကျသည့် နေရာများကို ရွေးချယ် ရာ၌ မြန်မာနိုင်ငံသာမက ထိုင်း၊ လာ အိုနိုင်ငံတို့တွင်လည်း ဆောင်းခိုငှက် မျိုးစိတ်များ ပျံသန်းရာ လမ်းကြောင်း ရှိပြီး အရှေ့အာရှ၏ ပျံသန်းရာ ကွန် ရက်ဧရိယာအဖြစ် တရားဝင်အသိ အမှတ်ပြုထားခြင်းဖြစ်ကြောင်း သိရ သည်။
.
အင်းလေးကန်က အပြည်ပြည် ဆိုင်ရာ ပျံသန်းရာကွန်ရက် (Flyway Network Side)တင် မကဘူး။ အ ပြည်ပြည်ဆိုင်ရာ ရေဝပ်ဒေသလည်း ဖြစ်တယ်။ အာဆီယံ အမွေအနှစ် ဥယျာဉ်လည်း ဖြစ်တယ်။ အင်းလေး ကန်တစ်ခုလုံးကလည်း လူသားနဲ့ ဇီဝနယ်မြေလည်း ဖြစ်တယ်။ ဒီ လောက် အဖိုးတန်တဲ့၊ ထင်ရှားတဲ့ ဇီဝမျိုးစုံမျိုးကွဲ သဘာဝအနေအ ထားတွေ ရှိနေတဲ့ အင်းလေးကန် ကြီးကို အဘက်ဘက်က ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ မြင်ပါ တယ်” ဟု ဦးစိန်ထွန်းက ဆက် လက် ပြောဆိုခဲ့သည်။
.
ကမ္ဘာတစ်ဝှမ်းတွင် ဆောင်းခို ငှက် ကြည့်ရှုသူ ဝါသနာရှင်များ၊ လေ့ လာလိုသူများ များပြားပြီး ငှက်များ ပျံသန်းရာ လမ်းကြောင်းများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းစဉ်များကို ဦးစားပေး ထိန်းသိမ်းရန် လိုအပ်နေကာ သဘာ ဝကို အခြေခံသည့် ခရီးသွားလုပ်ငန်း မြှင့်တင်မှုအတွက်လည်း များစွာ အ ရေးပါကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အင်းလေးကန်သည် ဇီဝမျိုးစုံ မျိုးကွဲ တိရစ္ဆာန်များ ခိုလှုံရာ သာမက များစွာသော ဘုရားပုထိုးများ ဥယျာဉ် များ ရှိပြီး ကြီးမားသော သဘာဝ အသိုက်အမြုံကြီးတစ်ခု ဖြစ်ကာ ရှု မောဖွယ်ကောင်းသည့် ကန်ပတ် လည် ကျေးရွာများနှင့် နယ်မြေများ ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား များကို ဖိတ်ခေါ်နေပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းပိတ် ရေကန်တစ်ခုလည်း ဖြစ်ကြောင်း သိ ရသည်။
.
ဆောင်းခိုငှက်များသည် ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲကြောင့် တစ်နေရာမှ တစ်နေရာသို့ ခေတ္တ ပြောင်းရွှေ့ နေထိုင်သည့် ငှက်များ ဖြစ်ပြီး ကမ္ဘာ့အအေးပိုင်းဒေသရှိ ငှက်များသည် ဆောင်းရာသီတွင် ၎င်းတို့နေထိုင်ရာ ကမ္ဘာ့မြောက်ခြမ်း ဒေသမှ အအေးဒဏ်သက်သာသော အရပ်ဒေသများ သို့ ခေတ္တပြောင်းရွှေ့ နေထိုင်ကြခြင်း ဖြစ်ကြောင်း သိရ သည်။
.
မြန်မာနိုင်ငံတွင် ဆောင်းခိုငှက် များ ပုံမှန်လာရောက်ချိန်သည် နှစ် စဉ် အောက်တိုဘာလ နောက်ဆုံး အပတ်မှ ဇန်နဝါရီလကုန်၊ ဖေဖော် ဝါရီလအထိ ဖြစ်ပြီး ရေတိမ်ဒေသ များဖြစ်သော အင်းတော်ကြီးကန်နှင့် အင်းလေးကန် ဘေးမဲ့တောများသို့ အများဆုံး လာရောက်လေ့ရှိကာ အင်းလေးကန် ဒေသသို့ လာရောက် လေ့ရှိသော ဆောင်းခိုငှက်များမှာ ဆိုက်ဘေးရီးယားဒေသမှ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)