သတ်မှတ်ရက်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ထားဖူးသူများအား အိန္ဒိယနိုင်ငံမှ ဝင်ရောက်ခွင့် မပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 16, 2020

သတ်မှတ်ရက်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ထားဖူးသူများအား အိန္ဒိယနိုင်ငံမှ ဝင်ရောက်ခွင့် မပြု


မင်းဇော်မင်း
.
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ကူးစက်ပြန့်နှံ့လာ သည့် ကိုရိုနာဗိုင်းရပ်စ် (2019 n CcV) ကူးစက်မှု မရှိစေရေးအတွက် သတ်မှတ်ရက်အတွင်း တရုတ်နိုင်ငံ သို့ သွားရောက်ဖူးသူများအား အိန္ဒိ ယနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပြုမည် မဟုတ်ကြောင်း အိန္ဒိယသံ ရုံး၏ အကြောင်းကြားချက်အရ ဗုဒ္ဓ ဂါယာခရီးသွား လုပ်ငန်းကော်မတီ က ဘုရားဖူးလုပ်ငန်းရှင်များအား ထပ်ဆင့် အကြောင်းကြားလာခဲ့ သည်ဟု သိရသည်။
.
.
“အိန္ဒိယသံရုံးက အကြောင်း ကြားစာအရ ဗုဒ္ဓဂါယာ ခရီးသွားလုပ် ငန်းကော်မတီက ထပ်ဆင့်အသိပေး လာတာပါ။ စာအရတော့ ဇန်နဝါရီ လ ၁၅ ရက် နောက်ပိုင်း တရုတ်နိုင် ငံ သွားရောက်ဖူးသူတွေကို အိန္ဒိယ နိုင်ငံထဲကို ဝင်ရောက်ခွင့် တားမြစ် တာပါ။ ဘုရားဖူးသွားမယ့် သူတွေ လည်း ဒီအချက်တွေနဲ့ အကျုံးဝင် ပါတယ်” ဟု ခင်နန္ဒာ ဗုဒ္ဓဂါယာဘု ရားဖူးလုပ်ငန်းမှ ဒေါ်ခင်နန္ဒာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သံရုံး၏ အကြောင်းကြားစာ တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်  မတိုင်မီ အိန္ဒိယဗီဇာ (Sticker, eVisa) ရယူထားသူ၊ တရုတ်နိုင်ငံ ပတ်စပို့ ကိုင်ဆောင်ထားသူများကို အိန္ဒိယသို့ ဝင်ခွင့်ပေးတော့မည် မ ဟုတ်သော်လည်း ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်တို့မှ တရုတ် ပတ်စပို့ ကိုင်ဆောင်သူများ အကျုံး မဝင်ကြောင်း ပါရှိသည်။
.
ထို့အပြင် ယင်းရက် မတိုင်မီ အိန္ဒိယဗီဇာ ရယူထားသည့် တရုတ် နိုင်ငံရှိ အခြားနိုင်ငံသားများလည်း အိန္ဒိယနိုင်ငံ ဝင်ရောက်နိုင်ရေး အ တွက် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ သံရုံးနှင့် ပြန်လည်ဆက်သွယ်ရမည် ဖြစ်ပြီး ဇန်နဝါရီလ ၁၅ ရက် နောက် ပိုင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ ဖူးသူများကို မြန်မာ၊ ဘူတန်၊ ဘင်္ဂ လားဒေ့ရှ်နှင့် နီပေါလ် နယ်စပ်ဂိတ် များအပါအဝင် မည်သည့်လမ်း ကြောင်းဖြင့် မဆိုဝင်ရောက်ခွင့် ပြု မည်မဟုတ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ သို့ ပျံသန်းနေသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ လေယာဉ် မှူးများနှင့် လေယာဉ်ဝန်ထမ်းများ သည် ဤတားမြစ်ချက်တွင် မပါဝင် ကြောင်း ဖော်ပြထားသည်။
.
ကိုရိုနာဗိုင်းရပ်စ် 2019 nCoV ကြောင့် ဖြစ်ပွားသော ပြင်းထန် အ ဆုတ်ရောင်ရောဂါသည် ဝူဟန်မြို့မှ စတင် ကူးစက်ပြန့်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းအ ထိ ကမ္ဘာနိုင်ငံ ၂၉ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019- nCoV) ကူးစက်ခံရသူ ၆၉၁၀၆ ဦး၊ သေဆုံးသူ ၁၆၆၆ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၈၂၀၃ ဦး ရှိလာပြီဖြစ်ကာ အိန္ဒိယနိုင်ငံတွင် လည်း ရောဂါကူးစက်ခံရသူ ၃ ဦး ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About