တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တောင်ပိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တောင်ပိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ် Novel Coronavirus (nCoV) ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တောင်ပိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ဒေသဆက်ဆံရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
.
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်တောင်ပိုင်း၊ Shaoyang မြို့တော်ရှိ မွေးမြူရေးခြံများတွင် H5N1 ကြက်ငှက်တုပ် ကွေးရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ကြက်ခြံတစ်ခြံအတွင်းရှိ ကြက်ကောင်ရေ ၇၈၅၀ တွင် ရောဂါပိုးတွေ့ရှိရကာ ကောင်ရေ ၄၅၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ကြက်မွေးမြူရေးခြံ ၁၇၈၂၈ ခုတွင် H5N1 ရောဂါ ကူးစက်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ ထားသည်။
.
တရုတ်နိုင်ငံအပြင် အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိ Chhattisgarh ပြည်နယ်တွင်လည်း H5N1 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်ပြန့်နှံ့နေကြောင်း အိန္ဒိယငါးလုပ်ငန်းနှင့် မွေးမြူရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု သိရသည်။
.
Chhattisgarh ပြည်နယ်၊ Baikunthpur မြို့ရှိ ခြံတစ်ခုအတွင်း H5N1 ရောဂါပိုး ကူးစက်မှုကြောင့် ကြက်ငှက်ကောင် ရေ ၂၁၀၆၀ အနက် ၅၆၃၄ ကောင် သေဆုံးခဲ့ရပြီး ကျန် ကြက်ငှက်များကိုလည်း သတ်ဖြတ်ခဲ့ရကြောင်း သိရသည်။
.
၂၀၀၃ ခုနှစ်မှစတင်၍ H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး ကူးစက်အပြန့်ပွားမှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူဦးရေ ၄၅၅ ဦး သေဆုံးခဲ့ရကြောင်း WHO မှ ထုတ်ပြန်ထားသည်။
.
တရုတ်နိုင်ငံအနေဖြင့် ကူးစက်မြန် ပြင်းထန်ကိုရိုနာဗိုင်းရပ်စ် (ဝူဟန်ဗိုင်းရပ်စ်) ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင် ယခု H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး ပျံ့နှံ့မှုကို ထပ်မံရင်ဆိုင်လာရခြင်းဖြစ်သည်။
.
Ref ; Reuters, The Straits Times
.

No comments:

Post a Comment

Journal Download

Photo of three cats

About