ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့၏ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားမှုနှင့် ပတ်သက်၍ အရေးယူမှုများ ပြုလုပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 24, 2020

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့၏ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစားမှုနှင့် ပတ်သက်၍ အရေးယူမှုများ ပြုလုပ်နေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် ခရိုင် ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ် ဖွဲ့ဝင်အချို့၏ နိုင်ငံ့ဘဏ္ဍာငွေ အလွဲ သုံးစားပြုမှုများနှင့် ပတ်သက်၍ ထိ ရောက်သည့် အရေးယူမှုများ ဆောင် ရွက်လျက်ရှိပြီး နောက်နောင် ထပ်မံ မဖြစ်ပွားစေရေးအတွက် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဗိုလ်ချုပ်အောင်သူက ပြည် ထောင်စုလွှတ်တော်တွင် ပြောဆို ခဲ့သည်။
.
.
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကို ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်း ပရာ အစည်းအဝေးတွင် ပြည်ထောင် စု စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လတာ စစ်ဆေးတွေ့ရှိချက် အစီရင် ခံစာအား ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက် အစီရင်ခံ စာကို ဆွေးနွေးစဉ် ဒုဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
.
ဟိုပန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အလွဲသုံးစား ပြုလုပ်ခဲ့သည့် နိုင်ငံ့ ဘဏ္ဍာငွေ ကျပ်သန်း ၄၁၇ ဒသမ ၄၀၉ နှင့် ပတ်သက်၍ ဟိုပန် ခရိုင် ရဲတပ်ဖွဲ့မှူးကို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေအရ ထောင်ဒဏ် ၂ နှစ်နှင့် ငွေထုတ်သူ အရာရှိ ရဲမှူးကို ဒုရဲမှူးအဆင့်သို့ ၂ နှစ် ရာထူး လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဘဏ်မန်နေဂျာ တို့အား ၁၉၆၃ ခုနှစ်၊ အများနှင့် သက်ဆိုင်သည့် ပစ္စည်းကာကွယ် စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ (အ ပက-၃) ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူးအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ငွေထုတ်သူ အရာရှိနှင့် ဘဏ်မန်နေဂျာတို့အား ပြစ်မှုဆိုင်ရာ ရာဇဝတ်ကျင့်ထုံး ဥပ ဒေပုဒ်မ ၂၅၁ (၁) အရအမှုမှ အပြီး အပြတ်လွတ်စေရန် အမိန့်ချမှတ်ခဲ့ ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြောဆိုခဲ့သည်။
.
ထို့အပြင် ဌာနတွင်းစာရင်း စစ် အဖွဲ့ဖြစ်သည့် ရှမ်းပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယရဲမှူး (ရေး /ထောက်) တာဝန်ခံတို့အား အငြိမ်း စား လစာအတွက် ရဲမှုထမ်းသက် တစ်နှစ်စီ လျှော့ချခဲ့ပြီး အကြီးတန်း စာရေးအား နှစ်တိုး ၂ နှစ် ရပ်ဆိုင်း သည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
.
အလွဲသုံးစားငွေတွေ မဆုံးရှုံး ဖို့အတွက် ယခင်ဟိုပန်ခရိုင်ရဲတပ် ဖွဲ့မှူး အမြဲတမ်းစာရေးနဲ့ ဟိုပန်ဘဏ် မန်နေဂျာတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ငွေ ကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ အရ ငြိစွန်းမှုရှိ/မရှိစစ်ဆေးပြီး ပြည် သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင် ရေးအတွက် ဆောင်ရွက်လျက် ရှိပါ တယ်”ဟု ဗိုလ်ချုပ်အောင်သူက ပြောသည်။
.
အဆိုပါ အမှုတွင် ထွက်ပြေးတိမ်း ရှောင်နေသူ အငယ်တန်းစာရေးကို လားရှိုးခရိုင်တရားရုံးမှ ပြစ်မှုဆိုင်ရာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုနိုင်ရေးအတွက် ၎င်း ပိုင်နေအိမ်နှင့် ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.
အလားတူ အမှတ် (၄) လုံခြုံရေး ရဲတပ်ဖွဲ့(ခွဲ)၏ ၄/၂၀၁၈ မှ ၉/၂၀၁၈ လအထိ ၆ လအတွင်း ချက်လက် မှတ် ၂၄ စောင်ကိုအမှန်ထုတ်ယူရ မည့် ငွေပမာဏထက် ထပ်တိုးပြင် ဆင်ပိုထုတ်၍ ငွေကျပ် ၈၇ ဒသမ ၈၉ သန်းအား အလွဲသုံးစားပြုလုပ်ခဲ့ သည့်ကိစ္စနှင့် ပတ်သက်၍  ၈/၂၀၁၈ နှင့် ၉/၂၀၁၈ လတို့၌ အသုံးစရိတ် မှ ကျပ်သန်း ၇၅ ဒသမ ၆၃ သန်း စိုက်ထုတ်ရှင်းခဲ့ခြင်းမှာ ဘတ်ဂျက် အသုံးစရိတ်မှ ခုနှိမ်သုံးစွဲခြင်း မ ဟုတ်ဘဲ လုံခြုံရေးရဲတပ်ဖွဲ့(ခွဲ)မှူး၊ ကြီးကြပ်သူ အရာရှိ  ဒုတိယရဲမှူး၊ ငွေထုတ်သူအရာရှိနှင့် အကြီးတန်း စာရေးတို့အား စိုက်ထုတ်လျော်ခိုင်း စေခြင်းဖြစ်ကြောင်းနှင့် ငွေထုတ် သူအရာရှိ ဒုတိယရဲမှူးကို အမှုထမ်း သက် ၃ နှစ် လျှော့ချအရေးယူခဲ့ပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြော ဆိုခဲ့သည်။
.
အမှတ်(၃) ရဲလေ့ကျင့်ရေး သင် တန်းကျောင်း၏ ကျပ်သန်း ၁၀၀ ဒသမ ၅၀၅ အလွဲသုံးစားပြုလုပ်ခဲ့ သည့် ကိစ္စနှင့်ပတ်သက်၍  ကြီးကြပ် သူအရာရှိအား ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေအရ အငြိမ်းစား လ စာအတွက် ရဲမှုထမ်း သက် ၂ နှစ် လျှော့ချခြင်း၊ ငွေထုတ်သူအရာရှိ ဒုတိယရဲမှူး ၂ ဦးနှင့် တာဝန်လွှဲ ပြောင်းလက်ခံသူ ၁ ဦးအား ရဲစည်း ကမ်းထိန်းသိမ်းရေး ဥပဒေအရ အ ငြိမ်းစား လစာအတွက် ရဲမှုထမ်း သက် ၂ နှစ်လျှော့ချခြင်းပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် အလွဲသုံးစားပြုသည့် ကာလအတွင်း တာဝန်ထမ်းဆောင် ခဲ့သည့် ကျန် ၁ ဦးအား ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ ရဲတပ်ဖွဲ့ မှ ထုတ်ပယ်ခြင်း၊ အကြီးတန်း စာ ရေးအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် ခြင်းအပြင် စစ်ကိုင်းမြို့၊ ရွာသစ်ကြီး ရဲစခန်းတွင် (ပ)၇၈ /၂၀၁၈ ရာဇ သတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ရာ အလုပ်နှင့် ထောင် ဒဏ် ၁ နှစ် နှင့်ငွေဒဏ် ၁ သိန်း ပေး ဆောင်ရန် နှင့် ငွေဒဏ်မဆောင်ပါက နောက်ထပ် ထောင်ဒဏ် ၁ နှစ် ကျ ခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
.
အလားတူ ရေနံမြေလုံခြုံရေး ရဲ တပ်ဖွဲ့(ခွဲ)မှ အလွဲသုံးစားပြုငွေ ၁၉ ဒသမ ၃၉ သန်း အား ရဲဝန်ထမ်းများ ရသင့်ရထိုက်သည်ကို ထုတ်မပေးဘဲ အလွဲသုံးစား ပြုခဲ့သည့်ကိစ္စနှင့် ပတ် သက်၍ ကြီးကြပ်သူအရာရှိဖြစ်သည့် တပ်ဖွဲ့ခွဲမှူး ဒုရဲမှူး၊ ငွေထုတ်သူအရာ ရှိ ဒုတိယရဲအုပ်နှင့် ငွေစာရင်းတာ ဝန်ခံ ရဲဒုတိယတပ်ကြပ်တို့အား အ ချိုးကျ ငွေသား စိုက်ထုတ်ပေးလျော် စေခဲ့သည့်အပြင် ကြီးကြပ်သူအရာ ရှိဖြစ်သည့် တပ်ဖွဲ့ခွဲမှူး ဒုရဲမှူး၊ ငွေ ထုတ်သူ အရာရှိ ဒုတိယရဲအုပ်တို့ အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပ ဒေအရ အငြိမ်းစား လစာအတွက် ရဲမှုထမ်းသက် ၂ နှစ် လျှော့ချခြင်းနှင့် ငွေစာရင်းကိုင်တာဝန်ခံ ရဲဒုတိယ တပ်ကြပ်တို့အား ၂၀၁၉ ခုနှစ်၊ မတ် လ ၂၅ ရက်တွင် ရဲပြေးအဖြစ် ကြေ ညာခဲ့ပြီး ရေနံချောင်း မြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About