ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် သစ်ပင် မခုတ်ရေး ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရန် စီစဉ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 21, 2020

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် သစ်ပင် မခုတ်ရေး ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရန် စီစဉ်နေ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး မြို့နယ်၊ မဲနယ်တောင်ဒေသတွင် သစ်တော သစ်ပင်များ မခုတ်ထွင်စေ ရေးအတွက် ဒေသန္တရအမိန့် ထုတ် ပြန် တားမြစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဟိုပုံးမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ ထံက သိရသည်။
.

.
သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း ကြည့်ပါဦးမယ်။ အခုလောလော ဆယ်တော့ လွှတ်တော် အစည်းအ ဝေးလည်း ရှိနေလို့ ထုတ်ဖို့တော့ မလွယ်လောက်ဘူး ထင်တယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လူထုအခြေပြု ခရီးသွားလုပ် ငန်း အကောင်အထည်ဖော် ဆောင် ရွက်နေသည့် မဲနယ်တောင်ဒေသ တွင် သစ်ပင်များ ခုတ်ထွင်ခြင်း၊ ပန်း ပင်မျိုးစိတ်များအား ဖျက်ဆီးခြင်း၊ ခိုးယူနေခြင်းများကြောင့် သဘာဝ သစ်တောများကို ထိခိုက်စေသည့် အတွက် ယင်းကဲ့သို့ ဒေသန္တရအမိန့် ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း ၎င်းထံက သိရ သည်။
.
ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် မဲနယ်တောင်ဒေသ၊ ဒုံကောင်ကျေး ရွာတွင် ရပ်ရွာလူထုအခြေပြု ခရီး သွားလုပ်ငန်း (Community Based Tourism-CBT) ကို အကောင် အ ထည်ဖော် ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်း တင့်အား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်း ရာ “ရပ်ရွာအစီအစဉ် နဲ့ လုပ်ရင်တော့ မပြောတတ်ဘူး။ လောလောဆယ်အထိတော့ မြို့ နယ်ထွေအုပ်ကို စာတင်လာတာ မရှိ သေးပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့ သည်။
.
အခု မဲနယ်တောင်မှာ ချယ်ရီ ပင်တွေ အရမ်းနည်းနေပြီ။ အပင် ရောင်းစားတဲ့သူလည်း ရှိတယ်။ ဖျက် ဆီးခံရ တာလည်းရှိတယ်။ ဒါကြောင့် ပြန်စိုက်ဖို့ လုပ်နေတယ်။ နောက်ထပ် မဖျက်ဆီးဖို့အတွက်လည်း အုပ်ချုပ် ရေးမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေ ပါတယ်။ ဒေသနဲ့ လိုက်လျောညီထွေ မှုရှိတဲ့ ဒေသန္တရအမိန့်တွေကို ထုတ် ပြန်သွားမှာပါ” ဟု ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ က ဆက်လက်ပြောဆိုခဲ့သည်။
.
မဲနယ်တောင်ဒေသသည် ဟိုပုံး မြို့နယ်၏ အမြင့်ဆုံးတောင်တန်း ဖြစ် ပြီး ၂၀၁၈ ခုနှစ်မှ စတင်၍ လူသိများ ထင်ရှားလာကာ တစ်နှစ်ထက်တစ် နှစ် တောင်တက်လာသူ ခရီးသွား များဖြင့် စည်ကားလာနေလျက် ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About