ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေ ၂ ခု ပြဌာန်းနိုင်ရန် ပြင်ဆင်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥပဒေ ၂ ခု ပြဌာန်းနိုင်ရန် ပြင်ဆင်ထား


စိုင်းရာဇာ
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးကို လာမည့် ဖေဖော်ဝါ ရီလ ၁၇ ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေး အတွင်း ဥပဒေ ၂ ခု ပြဌာန်းနိုင်ရန် စီစဉ်ထားရှိကြောင်း ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ် အောင်မြတ်ထံက သိရသည်။
.
 
.
“အခု လောလောဆယ်တော့ ကြယ်ပွင့်ပြမေးခွန်း ၃၁ ခုလောက် ရောက်နေပြီ။ ဖေဖော်ဝါရီ ၇ ရက် အထိ တင်ပြဖို့ ခွင့်ပြထားတယ်။ မေး ခွန်းကတော့ မစုံသေးဘူး။ ပြည်နယ် အစိုးရကတော့ ဖြည့်စွက်ရန်ပုံငွေ (RE) တင်မှာပေါ့။ လွှတ်တော်ပိုင်းက တော့ ဥပဒေ ၂ ခု ပြဌာန်းဖို့ ပြင်ထား တယ်”ဟု ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်က ဖေဖော်ဝါရီ ၂ ရက်တွင် ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
အဆိုပါ လွှတ်တော်အစည်း အဝေးတွင် လွှတ်တော်ကိုယ်စား လှယ်များမှ မေးမြန်းရန် တင်ပြထား သည့် ကြယ်ပွင့်ပြ မေးခွန်း ၃၁ ခု အ ထိရှိနေပြီး မေးခွန်းအရေအတွက် ထပ်မံတိုးလာနိုင်သေးကြောင်း ၎င်း ထံက သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အ စည်းအဝေးကို ပြီးခဲ့သည့် ၂၀၁၉ ခု နှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀ ရက် အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် ၃၅ ဦးမှ ကြယ်ပွင့်ပြ မေးခွန်း ၆၄ ခု မေးမြန်းခြင်း၊ အဆို ၃ ခု တင်သွင်းခြင်း၊ အဆို ၁ ခုအား အ တည်ပြု၍ ၂ ခုကို မှတ်တမ်းခြင်း၊ ဥပဒေ (မူကြမ်း) ၄ ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
.
ယခု ကျင်းပမည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ် မြောက် ပုံမှန်အစည်းအဝေးသည် ၂၀၂၀ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် လွှတ်တော်အစည်းအ ဝေးလည်း ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင် တပ်မတော်မှ ၃၆ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ၃၁ ဦး၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၈ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂၅ ဦး၊ အခြား နိုင်ငံရေးပါတီများမှ ၂၀ ဦး၊ စုစုပေါင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်း ထားကြောင်းသိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About