ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်း ၁၃ ခု မေးမြန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်း ၁၃ ခု မေးမြန်း


ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက် ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပလျက်ရှိရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း ၁၃ ခု မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
Photo - Shan State Parliament
 
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး ရှိသည့်အနက် လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ဦး တက်ရောက်ပြီး ခွင့်ပန်ကြားသူ ၁၇ ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် တက်ရောက်သူ ၈၇ ဒသမ ၈၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၃ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပင်းတယမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးညီညီ (ခ) ဦးညီလေးချမ်း၏ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးတွင် ပလတ်စတစ်အိတ် သုံးစွဲခြင်းကို လျှော့ချရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ပလတ်စတစ်အိတ် ကင်းမဲ့ဇုန်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြစ်ကို ရယူသွားမည်ဖြစ်ပြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီမှ ရှမ်းပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပ‌ဒေ (မူကြမ်း) အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းကာ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About