ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး တစ်ပြေးညီ အာဏာ သက်ရောက်မည့် လက်နက်ဥပဒေ အသစ်တစ်ရပ် ရေးဆွဲနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 14, 2020

ရှမ်းပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး တစ်ပြေးညီ အာဏာ သက်ရောက်မည့် လက်နက်ဥပဒေ အသစ်တစ်ရပ် ရေးဆွဲနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အပါအဝင် မြန်မာ နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မည့် လက်နက် ဥပဒေ အသစ်တစ်ရပ်ကို မြန်မာနိုင် ငံရဲတပ်ဖွဲ့မှ ရေးဆွဲလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
.
 
.
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်း အဝေး စတုတ္ထနေ့တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ရှမ်းပြည်နယ်တွင် လက်နက်နှင့် ပတ်သက်၍ မည်သည့် ဥပဒေများ အား မည်ကဲ့သို့ ကျင့်သုံးနေသည်ကို ရှင်းလင်းစွာ သိရှိလိုကြောင်းနှင့် နိုင်ငံ တစ်ဝှမ်းလုံး အာဏာသက်ရောက် စေမည့် လက်နက်နှင့် သက်ဆိုင် သော ဥပဒေတစ်ရပ်ကို အသစ်ရေး ဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ/မ ရှိ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ယင်း ကဲ့သို့ ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ် သည်။
.
မြန်မာနိုင်ငံတွင် လက်ရှိကျင့် သုံးနေသည့် လက်နက်နှင့် သက် ဆိုင်သည့် ဥပဒေများ၊ စည်းမျဉ်းဥပ ဒေများနှင့် အမိန့်များမှာ ၁၈၇၈ ခုနှစ် လက်နက်များဥပဒေ၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစု များဆိုင်ရာ စည်းမျဉ်း ဥပဒေ၊ ၁၉၂၄ ရှမ်းပြည်နယ် လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ်လက်နက် ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ အက်ဥပ ဒေနှင့် ၁၉၅၁ ခုနှစ် လက်နက် (ယာ ယီပြင်ဆင်ချက်) ဥပဒေများ ဖြစ် ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ဖြေကြားခဲ့သည်။
.
၁၈၇၈ ခုနှစ် လက်နက် ဥပဒေ သည် တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ မြူနီစပယ် အက်ဥပဒေ ပုဒ် မ၂၄၆ အရ ကြေညာပြီး ဒေသများ၊ မီးရထားဌာနပိုင် နယ်မြေများနှင့် လွယ်မွေမြို့မ ဒေသများတွင် အာ ဏာသက်ရောက်ပြီး ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူ စုများဆိုင်ရာ စည်းမျဉ်းဥပဒေတွင် လားရှိုးခရိုင်၊ မြောက်သိန္နီနယ်နှင့် မိုးမိတ်နယ်၊ ကိုးတောင်တန်းဒေသ အတွင်း နေထိုင်သည့် ကချင်၊ ယော ရင်၊ နုံ၊ မရူး၊ လရှီး၊ အဇီး၊ ချင်း (နာ ဂ)၊ ရှမ်း၊ ဂေါ်ရခါး စသည့်မျိုးနွယ် စုများအပေါ် အာဏာသက်ရောက် ကြောင်း၊  ၁၉၂၄ ခုနှစ် စက်တင် ဘာလ ၁ ရက်တွင် ရှမ်းပြည်နယ် လက်နက်အမိန့်ကို ထုတ်ပြန်ရာ၌ ယခင် ၁၈၇၈ လက်နက်ဥပဒေသက် ရောက်ပြီး ၁၁ နယ်မှအပ ကျန်မြို့ နယ် ၃၉ မြို့နယ်တွင် အာဏာသက် ရောက်ကြောင်း၊ ယင်း သက်ရောက် သည့် မြို့နယ်များအတိုင်း အရေးယူ ဆောင်ရွက်နေကြောင်းနှင့် ၁၉၄၉ ခုနှစ် နှင့် ၁၉၅၁ ခုနှစ် လက်နက် အက် ဥပဒေများအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု သိရ သည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ကျင့် သုံးနေသော လက်နက်နှင့် သက် ဆိုင်သည့် ဥပဒေများသည် လက်ရှိ အခြေအနေများနှင့် ကိုက်ညီမှု ရှိ သော်လည်း ရှမ်းပြည်နယ်အပါအ ဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တစ် ပြေးညီ အာဏာသက်ရောက်စေရန် လက်နက် ဥပဒေအသစ်ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ရေးဆွဲလျက်ရှိသည် ဟု ဒုတိယဝန်ကြီးက ဖြေကြားခဲ့ သည်။
.
လက်ရှိတွင် ရှမ်းပြည်နယ် အ တွင်း၌ တရားဝင် လိုင်စင်ဖြင့် သေ နတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အ ရပ်သား ၄ ဦးသာ ရှိပြီး ၎င်းတို့မှာ ကမ္ဘောဇဘဏ်နာယက ဦးအောင် ကိုဝင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟောင်း ဦးအောင်သန်းထွဋ် (လောက်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရှမ်းပြည်နယ်လွှတ်ကိုယ် စားလှယ်)၊ ဒေါက်တာစိုင်းခမ်းလှိုင် နှင့် ဦးရဲရင့်တို့ဖြစ်ကြောင်း သိရ သည်။
.
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ကောက်ယူခဲ့ သည့် စစ်တမ်းအရ ဥပဒေများကို လွှတ်တော်က ရေးဆွဲပြီး အစိုးရ ဝန်ကြီးဌာနများ၊ နိုင်ငံသားများ၊ ပ ညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းကာ အတည်ပြုပြဌာန်းသင့်သည်ဟု ဖြေ ဆိုသူ ၅၀ ရာခိုင်နှုန်း ရှိခဲ့ပြီး အစိုးရ ဝန်ကြီးဌာနက ရေးဆွဲပြီး လွှတ်တော် က အတည်ပြုပြဌာန်းသင့်သည်ဟု ဖြေဆိုသူ ၈ ရာခိုင်နှုန်းရှိကာ ကျန် ၄၂ ရာခိုင်နှုန်းက မသိရှိကြောင်း ဖြေ ဆိုခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About