ဟဲဟိုးလေဆိပ်တွင် အထောက်အထားမဲ့ ရောက်ရှိလာသည့် မုန်းဝန်း (တရုတ်) လူမျိုးတစ်ဦးကို နေရပ်ပြန်နိုင်ရေး လွှဲပြောင်းပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 21, 2020

ဟဲဟိုးလေဆိပ်တွင် အထောက်အထားမဲ့ ရောက်ရှိလာသည့် မုန်းဝန်း (တရုတ်) လူမျိုးတစ်ဦးကို နေရပ်ပြန်နိုင်ရေး လွှဲပြောင်းပေးအပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ဟဲဟိုးမြို့သို့ ဖေဖော်ဝါရီလ ၁၉ ရက်က ရောက်ရှိလာသည့် အထောက် အထားမဲ့ မုန်းဝန်း (တရုတ်) လူမျိုးတစ်ဦးအား နေရပ်ပြန်နိုင်ရေးအတွက် တောင်ကြီးမြို့ရှိ မုန်းဝန်းယဉ်ကျေးမှု အသင်း ဒုတိယ ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လွင်အား ဆက်သွယ်မေးမြန်းရာ “ပြည်နယ်က တာဝန်ခံလုပ်ဆောင်ရတဲ့အတွက် ပြည်နယ်ရုံးသို့သာ မေးမြန်းပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
မန္တလေး-ဟဲဟိုး-တာချီလိတ် လေကြောင်းခရီးစဉ်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်၊ မွန်းလွဲပိုင်းက ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာသည့် အသက် ၇၅ နှစ်အရွယ် မြန်မာစကား မပြောတတ်သူ တရုတ်လူမျိုးတစ်ဦးကို တွေ့ရှိသဖြင့် လေဆိပ် တာဝန်ကျဝန်ထမ်းများမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရခြင်းရှိ/မရှိ သိရှိနိုင်ရန် ဟဲဟိုးတိုက်နယ်ဆေးရုံ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း တရုတ်လူမျိုးသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ ဦးလီရွှင်လုံ ဆိုသူဖြစ်ပြီး ၎င်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှတဆင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း လဝက လေဆိပ်စစ်ဆေးချက်တွင် ဖော်ပြထားသော်လည်း ကလော လဝက၏ စစ်ဆေးချက်အရ မည်သည့် သက်သေခံ အထောက်အထားတစ်စုံတစ်ရာ မပါရှိဘဲ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာရာရုံးသို့ တင်ပြခဲ့ကြောင်း သိရသည်။
.
အဆိုပါ တရုတ်အမျိုးသားနှင့် ပတ်သက်၍ တောင်ကြီးမြို့ရှိ မုန်းဝန်းလူမျိုး ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးလွင်က ယင်းအမျိုးသားအား ကောင်းစွာသိရှိကြောင်း၊ လက်ရှိတွင် မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာ၌ နေထိုင်၍ ထိုင်းနိုင်ငံတွင် ကျဘမ်းအလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၈ ရက်က တောင်ကြီးမြို့နေ ၎င်း၏ဇနီးဖြစ်သူ ကွယ်လွန်သွားသည့်အတွက် နာရေးကိစ္စဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သက်သေ ၂ ဦးနှင့်အတူ ခံဝန်ကတိပြု လက်မှတ်ရေးထိုး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About