ဟဲဟိုးတွင် သမဝါယမအသင်းချေးငွေ ၆၄ သိန်းအား ပြန်မဆပ် ဟုဆိုကာ ချေးငွေရယူထားသူ ၁၆ ဦးကို အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 24, 2020

ဟဲဟိုးတွင် သမဝါယမအသင်းချေးငွေ ၆၄ သိန်းအား ပြန်မဆပ် ဟုဆိုကာ ချေးငွေရယူထားသူ ၁၆ ဦးကို အမှုဖွင့်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင် သမဝါယမအသင်းပိုင်ချေးငွေ ၆၄ သိန်းအား ပြန် မဆပ်သဖြင့် ဟုဆိုကာ ချေးငွေရယူထားသူ ၁၆ ဦးကို သမဝါယမအသင်းဝင်မှ လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။
.
.
“အမှုမှာ အတိုင်ခံရတဲ့သူတွေ အားလုံးကို ဖမ်းဆီးမှာပါ။ လုပ်ဆောင်နေပါတယ်” ဟု ဟဲဟိုးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အမှတ် (၂) ရပ်ကွက်နေ ဦးသိန်းဝင်းသည်  ရွှေလီဦး စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်း သမဝွယမအသင်းတွင် တာဝန်ယူဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ဟဲဟိုးမြို့၊ အမှတ် (၂) ရပ်ကွက်နေ ဦးမြင့်နိုင် ပါ ၁၆ ဦး အဖွဲ့အား တစ်ဦးလျှင် အစိုးရသမဝါယမအသင်း ပံ့ပိုးချေးငွေ ၃၆၃၀၀၀ ကျပ်နှင့် အသင်းပိုင်ငွေ ၃၇၀၀၀ ကျပ်၊ စုစုပေါင်း တစ်ဦးလျှင် ၄၀၀၀၀၀ ကျပ်နှုန်းဖြင့် ၁၆ ဦး အတွက် ငွေကျပ် ၆၄ သိန်း ထုတ်ချေး ပေးခဲ့ပြီး ငွေများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရန် အသိသက်သေများ ရှေ့တွင် ခံဝန်ကတိလက်မှတ်နှင့် လက်ဗွေများရယူခဲ့ကြောင်း သိရသည်။
.
ထို့နောက် စာချုပ်သက်တမ်း ပြည့်ချိန်တွင် ငွေများအား ပြန်လည်ပေးဆပ်ရန် အကြိမ်ကြိမ် တောင်းခံခဲ့သော် လည်း ပြန်လည်ရရှိခြင်း မရှိသဖြင့် ဦးသိန်းဝင်းမှ ၎င်းတာဝန်ခံချေးယူထားသည့် ငွေကျပ် ၆၄ သိန်းအား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် ၎င်းပိုင်နေအိမ်ကို ပေါင်နှံကာ သမဝါယမအသင်းသို့ ပြန်လည်ပေးသွင်းခဲ့ရသည့်အတွက် ပေး ဆပ်ရန် ရည်ရွယ်ချက်မရှိဘဲ ယုံကြည်အောင် ပြောဆိုကာ ငွေလိမ်လည်ရယူခဲ့သည်ဟုဆိုကာ  ဦးမြင့်နိုင်ပါ ၁၆ ဦးအား ဦးသိန်းဝင်းမှ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဟဲဟိုးနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းသို့ တိုင်ကြားခံရသူများမှာ ဟဲဟိုးမြို့၊ အမှတ် (၂) ရပ်ကွက်နေ ဦးမြင့်နိုင်၊ ဒေါ်ဆွေနွယ်မြင့်၊ ဒေါ်ပပဝင်း၊ ဒေါ်စမ်းစမ်းဝင်း၊ ဒေါ်စမ်းအေး၊ ဒေါ်လှအုံးမယ်၊ ဒေါ်သူဇာအေး၊ ဒေါ်ထွေးခိုင်၊ ဒေါ်သန်းအေး၊ ဒေါ်သင်းသင်းအေး၊ ဒေါ် စောသဉ္ဇာလွင်၊ ဦးဗိုလ်ဝင်း၊ ဒေါ်မြသီ၊ ဦးသန်းထွန်းဝင်း၊ ဦးညီညီထွန်းနှင့် ဒေါ်ခင်လှ တို့ဖြစ်ကြောင်း သိရသည်။
.
၎င်းတို့ ၁၆ ဦးအား ဟဲဟိုးနယ်မြေရဲစခန်းတွင် (ပ)၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About