ဟဲဟိုးတွင် ဆိုင်ကယ်တစ်စီးမှ လမ်းလျှောက်လာသူအား တိုက်မိသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 9, 2020

ဟဲဟိုးတွင် ဆိုင်ကယ်တစ်စီးမှ လမ်းလျှောက်လာသူအား တိုက်မိသေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၇ ရက်က မော်တော် ဆိုင်ကယ်တစ်စီးမှ လမ်းလျှောက်လာသူအား ဝင်ရောက်တိုက်မိ၍ လမ်းလျှောက်လာသူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နေ ဆိုင်ကယ်ယာဉ်မောင်း ဦးသန်းထွေး (၄၂ နှစ်) စီးနင်းမောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် ဖေဖော်ဝါရီလ ၇ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်း ဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာရှိ အမှတ် (၁၈) ခြေမြန်တပ်ရင်းအနီး၊ မိုင်တိုင် အမှတ် ၈၉/၃ နှင့် ၈၉/၄ အကြား အရောက်တွင် လားရာတူအတိုင်း လမ်းလျှောက်လာသူ အောင်ပန်းမြို့၊ အင်းခေါင်း ကျေးရွာနေ ဦးဖြိုးဖြိုး (ခ) ဦးပိန် (၃၁ နှစ်) အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ပြီး ဦးဖြိုးဖြိုးတွင် ဦးခေါင်းနောက်စေ့ ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ဝဲဘက်ခြေဖမိုး ပေါက်ပြဲသွေးထွက်ဒဏ်ရာများ ရှရိခဲ့သဖြင့် ဟဲဟိုးတိုက်နယ်ဆေးရုံမှတဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။
.
ထိုသို့ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ဦးဖြိုးဖြိုး (ခ) ဦးပိန်သည် ဖေဖော်ဝါရီလ ၈ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးသန်းထွေးအား ဟဲဟိုးနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About