ဟဲဟိုးမြို့၊ သီခေါင်တောင်အနီးတွင် ၆ ဘီးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

ဟဲဟိုးမြို့၊ သီခေါင်တောင်အနီးတွင် ၆ ဘီးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာ ဈေးတန်းအနီး ပြည်ထောင်စုလမ်းမ ပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်အစောပိုင်းက ၆ ဘီးမော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နေ ယာဉ်မောင်း ဦးအောင်ဆွေဦး (၄၀ နှစ်) မောင်းနှင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ယာဉ်နောက်လိုက် မောင်လှိုင်ကိုကို (၂၀ နှစ်) လိုက်ပါစီးနင်းလာသော SUZUKI ELF အမျိုး အစား ၆ ဘီးမော်တော်ယာဉ်သည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ နံနက် အစောပိုင်းက ကြိတ်သားပရိဘောဂများ တင်ဆောင်၍ အောင်ပန်းမြို့ဘက်မှ ဟဲဟိုးမြို့ဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၈၆/၂ နှင့် ၈၆/၃ အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့တွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးအောင်ဆွေဦးအား  ဟဲဟိုးနယ်မြေ ရဲစခန်းတွင် (ပ)၁၃/၂၀၂၀ မော်တော်ယာဥ် ဥပဒေပုဒ်မ ၅၈ (က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About