ရှမ်းအစိုးရ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြို့နယ် ၃ ခုတွင် စစ်တမ်း ကောက်ယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

ရှမ်းအစိုးရ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြို့နယ် ၃ ခုတွင် စစ်တမ်း ကောက်ယူမည်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်အစိုးရ၏ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင် ပိုင်းရှိ မြို့နယ် ၃ ခုတွင် စစ်တမ်းများ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ပင်းတယမြို့နယ်နှင့် လွိုင် လင်ခရိုင်၊ ကွန်ဟိန်း မြို့နယ်တို့တွင် ရှမ်းပြည်နယ်အစိုးရမှ ဆောင်ရွက် နေသော မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ် ငန်းများနှင့်ပတ်သက်၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ စစ်တမ်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
“အစိုးရလုပ်ဆောင်မှုနဲ့ ပတ် သက်တာတွေ၊ လုပ်ဆောင်မှုတွေမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှု ဘယ် လောက်ရှိတယ်ဆိုတာ စစ်တမ်း ကောက်ယူသွားပါမယ်။ အစိုးရအ နေနဲ့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ သတင်းအချက်အ လက် ဖြန့်ဝေတဲ့ Channel ထားပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု စီမံကိန်း ညှိနှိုင်းရေးမှူး ဦးခွန်ဝင်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစိုးရ၏ မြို့နယ်ဒေသ ဖွံ့ဖြိုး ရေးစီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော်ရာ၌ ပြည်သူလူထု ပူး ပေါင်းပါဝင် မှု အားကောင်းလာစေ ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေး ပွဲတစ်ရပ်ကို ဇန်နဝါရီလ ၂၈ ရက်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကွက်ရှိ လူငယ်စင်တာတွင် ပြုလုပ် ရာ ဆွေးနွေးပွဲအပြီး၌ ဦးခွန်ဝင်းဦးက ယင်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
.
“အဓိက ကတော့ မြို့နယ်ဖွံ့ဖြိုး ရေးစီမံကိန်း လုပ်နေတာတွေကို ပြည်သူလူထု သိစေချင်တယ်။ လာ မယ့်နှစ်တွေမှာ ရေးဆွဲထားတဲ့ဖွံ့ဖြိုး ရေး စီမံကိန်းတွေကို ချပြဖို့၊ စီမံ ကိန်းရေးဆွဲတဲ့အခါမှာ စိန်ခေါ်မှု တွေကို ချပြဖို့ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်တဲ့အခါမှာ ပြည်သူလူ ထု ပူးပေါင်းပါဝင်မှု၊ ပြည်သူလူထု အနေနဲ့ ဘယ်လိုအကြံပေးနိုင်တယ် ဆိုတာ သိအောင်ပြောပြပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
မြို့နယ်အဆင့် ဖွံ့ဖြိုးရေး စီမံ ချက်တွင် လူထုပူးပေါင်းပါဝင်မှု အား ကောင်းလာစေရန်၊ စီမံကိန်းရေး ဆွဲရာတွင် ကျေးရွာလူထုနှင့် ဆွေး နွေးတိုင်ပင်ခြင်းဖြင့် လူထုအတွက် ထိရောက်သော ဖွံ့ဖြိုးရေးလုပ်ငန်း များ ဖြစ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အစိုးရဌာနများ အနေဖြင့် ဖွံ့ဖြိုး ရေးလုပ်ငန်း စီမံကိန်းများ မရေးဆွဲမီ သက်ဆိုင်ရာ ကျေးရွာများသို့ စီမံ ကိန်းနှင့် ပတ်သက်သည့် အချက်အ လက်များအား ဒေသခံများသို့ ရှင်း လင်းခြင်း၊ စီမံကိန်း လုပ်ဆောင်ရန် အတွက် အချက်အလက်များ ကောက်ယူခြင်း၊ ကွင်းဆင်းစစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်သင့်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများမှ အ ကြံပြုထားသည်ဟု သိရသည်။
.
အဆိုပါ စစ်တမ်းကောက်ယူမှု များကို ကျွန်းတစ်ထောင်မြေ ဖောင် ဒေးရှင်း၊ Democracy For Ethnic Minorities Organization (DEMO)၊ ရွှေဓနု၊ မေတ္တာဖောင်ဒေးရှင်း (တောင်ကြီး)၊ ဒို့ချစ်တဲ့ကမ္ဘာ၊ ချယ်ရီ ပုံရိပ်၊ ကောင်ရွေ၊ တောင်ကြီးလူငယ် စင်တာ အဖွဲ့များက ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats