ဗုဒ္ဓဂါယာတွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စစ်ဆေးခံရသူ မြန်မာနိုင်ငံသား၌ ရောဂါမရှိ ဟုဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Monday, February 24, 2020

ဗုဒ္ဓဂါယာတွင် ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စစ်ဆေးခံရသူ မြန်မာနိုင်ငံသား၌ ရောဂါမရှိ ဟုဆို


မင်းဇော်မင်း
.
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်ရာမှ ဂါယာလေဆိပ်တွင် ဝူဟန်နှင့် ပတ်သက်၍ စစ်ဆေးခံရသူ မြန်မာနိုင်ငံသား၌ ရောဂါမရှိကြောင်း သိရသဖြင့် ဆေးရုံမှ ဆင်းလာပြီဖြစ်သည်ဟု သိရသည်။
.
 
.
အဆိုပါ မြန်မာနိုင်ငံသားအား ဂါယာလေဆိပ်၌ ဖေဖော်ဝါရီလ ၁၈ ရက်က စစ်ဆေးစဉ် ကိုယ်အပူချိန် ၃၈ ဒီဂရီ ရှိနေသည့်အတွက် ဂါယာ ဆေးရုံမှတဆင့် ဘီဟာပြည်နယ်၊ ပါတနားဆေးရုံသို့ ပို့ဆောင်၍ သွေးအဖြေအား ဓါတ်ခွဲစမ်း သပ်ခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်တွင် ရောဂါမရှိကြောင်း အဖြေရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“သွေးနမူနာကို ကလကတ္တားအထိ ပို့ရတာပါ။ မြန်မာကျောင်း တိုက်အုပ်ဆရာတော်က ဖုန်းနဲ့ အကြောင်းကြား လာတဲ့အပြင် ဆေးရုံဆင်းလက်မှတ်ကိုလည်း Viber ကနေ ပို့ပေးလို့ လူနာမှာ ရောဂါမရှိတာ သိရပါတယ်။ အသင်း အနေနဲ့ သူ့ကို စောင့်ရှောက်ဖို့ အကူတစ်ယောက် ထားပေးပါတယ်။ သွားတုန်းက အတူတူ ဆိုပေမဲ့ အခု ကျတော့ သူ တစ်ယောက်ထဲ ဘုရားမဖူးရတဲ့အပြင် အားငယ်နေမှာဖြစ်လို့ စောင့်ရှောက်ပေးထားပါတယ်။ ဗုဒ္ဓဂါယာ မြန်မာကျောင်း က ရဟန်းတော်တွေကလည်း စောင့်ရှောက်နေပါတယ်” ဟု မြန်မာနိုင်ငံ ဗုဒ္ဓဂါယာ ဘုရားဖူးခရီးသွား လုပ်ငန်းကော် မတီမှ ဦးမောင်မောင်မြင့်က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ကူးစက်ပြန့်နှံ့လာသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူး စက်မှု မရှိစေရေးအတွက် သတ်မှတ်ရက်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ဖူးသူများအား အိန္ဒိယနိုင်ငံအတွင်းသို့ ဝင် ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း အိန္ဒိယသံရုံးက ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats