တာချီလိတ်တွင် လောင်းကစား လုပ်ငန်းများကို ဖမ်းဆီးလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

တာချီလိတ်တွင် လောင်းကစား လုပ်ငန်းများကို ဖမ်းဆီးလျက်ရှိ

ထက်တိုင်း​ကျော်
.
တောင်ကြီးမြို့၌ ဖေဖေါ်ဝါရီလ ၆ ရက်က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်းနှင့် ပတ်သက်၍ သိရှိထားကြောင်း နိုင်ငံတော်သမ္မတက ​ပြောဆိုခဲ့ပြီး​နောက် တာချီလိတ်မြို့​ပေါ်ရှိ ​လောင်းကစား လုပ်ငန်းများကို ဖမ်းဆီးလျက် ရှိ​ကြောင်း သိရသည်။
.

ရှမ်းပြည်နယ် အ​​ရှေ့ပိုင်း၊ တာချီလိတ်မြို့​ပေါ် ရပ်ကွက်များမှ ငါးမန်းဂိမ်းခုံ ၃၃ ခုံ ၊ လောင်းကစားငွေ ထိုင်းဘတ်​ငွေ ၆၇၅၉၅ ဘတ်နှင့် အမျိုးသား/အမျိုးသမီး ၁၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
"ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေနဲ့ ခုချိန်ထိလိုက် ဖမ်းနေတုန်း ဖြစ်ပါတယ်။ "ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖမ်းဆီးရမိသူများအား လောင်းကစားအက်ဥပဒေပုဒ်မ ၁၆(က)/၁၇(က)ဖြင့် အမှုဖွင့် အရေးယူ​ ဆောင်ရွက်ထားကြောင်း သိသည်။
.
တာချီလိတ်မြို့သည် ရှမ်းပြည်နယ် အ​ရှေ့ပိုင်း၏ ​လောင်းကစား မြို့​တော်အဖြစ် အမည်​ ကျော်ကြားသည့် နယ်စပ်​ဒေသမြို့ ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About