ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦး ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 17, 2020

ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦး ရှိလာ


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ် (COVID-9) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် သေဆုံးသူများအနက် အာရှဒေသ ပြင်ပဖြစ်သော ပြင်သစ် နိုင်ငံတွင် ပထမဆုံး သေဆုံးသူတစ်ဦး ရှိလာခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု CNA  သတင်းတွင် ဖော်ပြထားသည်။
.
 
Photo - CNA
.
သေဆုံးသူမှာ အသက် ၈၀ အရွယ် တရုတ်ခရီးသွား အမျိုးသားတစ်ဦးဖြစ်ကြောင်း ပြင်သစ်ကျန်းမာရေးဝန်ကြီး Agnes Buzyn က ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ဝန်ကြီးက သေဆုံးသူမှာ ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ Bichat ဆေးရုံတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက် ကတည်းက ဆေးဝါးကုသမှု ခံယူနေခြင်းဖြစ်ပြီး လူနာမှာ ပြင်းထန်သည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသည်ဟု ဆိုသည်။
.
ပြင်သစ်နိုင်ငံအနေဖြင့် COVID-19 လူနာ ၁၁ ဦး ရှိနေပြီး ယင်းအနက် လူနာ ၆ ဦးမှာ ဆေးရုံတွင် စောင့်ကြည့်ကုသမှု ခံယူနေဆဲဖြစ်ကာ ယခု သေဆုံးသူ တရုတ်နိုင်ငံသားမှာ အသက် ၅၀ အရွယ် ၎င်း၏ သမီးနှင့်အတူ ပြင်သစ်နိုင်ငံရှိ နှင်းလျောစီးစခန်းသို့ လာရောက်လည်ပတ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နေ့လယ်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၉ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၇၁၂၃ ဦး၊ သေဆုံးသူ ၁၇၇၀ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၁၀၅၆၁ ဦး ရှိလာပြီဖြစ်ပြီး သေဆုံးသူများမှာ တရုတ်နိုင်ငံတွင် ၁၇၆၅ ဦး၊ ဂျပန်၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ပြင်သစ်နိုင်ငံတို့မှ တစ်ဦးစီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats