နောင်ထောဝ် အထက်တန်းကျောင်း မီးလောင်၍ ကျပ်သိန်း ၆၀ ခန့် ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

နောင်ထောဝ် အထက်တန်းကျောင်း မီးလောင်၍ ကျပ်သိန်း ၆၀ ခန့် ဆုံးရှုံး


ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်တွင် ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁၁ နာရီကျော်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ငွေကျပ်သိန်း ၆၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.

အဆိုပါ ကျောင်းဆောင် မီးလောင်မှုမှာ လျှပ်စစ် ဝါယာရှော့ ဖြစ်ရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မီးသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း ကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ ကျောင်းဆောင် မျက်နှာကျက်များ၊ သစ်သားတိုင်များ၊ သစ်သားတန်းများ မီးလောင် ပျက်ဆီးခဲ့ရပြီး အခြား ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ကျောင်းဆောင် မီးလောင်ကျွမ်းမှုကြောင့် ကျောင်းတာဝန်ရှိသူများအား ဆီဆိုင်မြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်၊ ညနေပိုင်းကလည်း ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About