ကျောင်းစစ် စာမေးပွဲများအား တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်မီ စစ်ဆေးရန် သဘောတူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

ကျောင်းစစ် စာမေးပွဲများအား တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်မီ စစ်ဆေးရန် သဘောတူ


မင်းဇော်မင်း
.
နေပြည်တော်ရှိ အမျိုးသားလွှတ် တော်တွင် ဖေဖော်ဝါရီလ ၃ ရက်က အမျိုးသားလွှတ်တော် ပညာရေးမြှင့် တင်မှုကော်မတီနှင့် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့ တွေ့ဆုံရာ၌ ကျောင်း စစ်စာမေးပွဲများအား တက္ကသိုလ်ဝင် တန်းမတိုင်မီ စစ်ဆေးရန် သဘော တူခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရှမ်းပြည်နယ် မဲ ဆန္ဒနယ်အမှတ် (၇)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း လုံစံခတ်ထံက သိရသည်။
.
.
“တော်တော် ညှိနှိုင်းယူရပါ တယ်။ ဦးအောင်ကြည်ညွန့်က အ ဓိက ဆောင်ရွက်သွားတာပါ။ အစက တော့ လက်မခံပေမယ့် နောက်ဆုံး မှာ လက်ခံသွားတယ်”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း လုံစံခတ်က ကမ္ဘာဇတိုင်းသို့ ပြော သည်။
.
အစည်းအဝေးတွင် ပညာရေး မြှင့်တင်မှု ကော်မတီအပြင် စိတ်ပါ ဝင်စားသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
“အားလုံး အဆင်ပြေပါတယ်။ အနေအထားကလည်း တဖြည်း ဖြည်းနဲ့ တိုးလာနေတယ်။ ဝန်ကြီးနဲ့ လည်း အပြေအလည်ညှိရပါတယ်။ ပညာရေးမြှင့်တင်မှု ပြောင်းလဲတာ က လက်ခံတယ်။ ဒါပေမဲ့ ဘယ်လို ဖြေလျှော့ပေးမှာလဲ သိချင်တယ်။ ညှိ ရင်းညှိရင်းနဲ့ အဆင်ပြေသွားတာ။ ၄ တန်း၊ ၈ တန်းပြီးတာနဲ့ ကျောင်း စစ်တွေ စစ်မယ်။ ပြီးတာနဲ့ ၁၀ တန်း စစ်မယ်” ဟု အမျိုးသားလွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအေးဗိုလ် က ပြောသည်။
.
မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ/ဆရာများ အဖွဲ့ချုပ် (Myanmar Teacher’s Federation) အဆင့်မြင့် ကဏ္ဍ၏ အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးအောင်ကလည်း ယင်းသ တင်း မှန်ကန်ကြောင်း ပြောဆိုခဲ့ သည်။
.
အလားတူ မန္တလေးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် (၆)မှ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးကြွယ်ကြွယ်ကလည်း ကျောင်းဖွင့်ရက် ကာလကိစ္စနှင့် ပတ် သက်၍ ပညာရေးဝန်ကြီးဌာနက လွှတ်တော်သို့ လာရောက်ရှင်းလင်း ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ က ကျောင်းစစ်စာမေးပွဲများကို တက္က သို်လ်ဝင်တန်း မတိုင်မီ စစ်ဆေးရန် အကြံပြုခဲ့ရာ ပြည်ထောင်စုဝန်ကြီး က သဘောတူ လက်ခံခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
.
 ယင်းကဲ့သို့ အခြေခံပညာ ကျောင်းအဆင့် စာမေးပွဲကာလ သတ်မှတ်ရေးနှင့် ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီး ဌာနမှ ဖေဖော်ဝါရီလ ၄ ရက်တွင် အ မိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင် သတ်မှတ်ခဲ့သည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက် အရ KG၊ Grade 1၊ Grade 2၊ Grade 3၊ Grade 6 Grade 7၊ Grade 8၊ Grade 10 စာမေးပွဲများကို မတ်လ ၄ ရက်မှ ၁၀ ရက်အတွင်း စစ်ဆေးရန်၊ Grade 5 နှင့် Grade 9 အတန်းများ စာမေးပွဲ ကာလဖြစ်သော ဖေဖော် ဝါရီလ ၂၄ ရက်မှ မတ်လ ၃ ရက် အတွင်း သင်ကြားရေးဆရာ အရေ အတွက်ပေါ် မူတည်၍ ကျန်အတန်း များ ကျောင်းတက်ရောက်ရန် ညွှန် ကြားထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats