သောင်းပြောင်းထွေလာ စစ်မပါ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

သောင်းပြောင်းထွေလာ စစ်မပါ


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.


.
ခဲစစ်နေ
.
"ဝေ့ ဗယာကြော်ရေ။ ဘယ်ကမ္ဘာရောက်နေတုံးဟ"
.
"ဟာ အာပလာ။ မလာတာကြာလို့ အောက်မေ့နေတာ။ ငါလား မီးဖိုချောင် ကမ္ဘာထဲမှာ"
.
"အဟီး ။ စောစောစီးစီး ဘာတွေများ စီမံနေတာတုံး ဗယာ ကြော်"
.
"တပို့တွဲဆိုတော့ ထမနဲပေ့ါကွာ။ အိမ်သားအားလုံးလိုလို ကြိုက်ကြတယ်လေ။ အတော်ပါပဲ။ မင်းရောက်လာတော့ စား ကံကြုံသေးသပ အာပလာရယ်။ နို့မဟုတ်ရင် ငါက မင်းအိမ်ကို မပို့နိုင်"
.
"အပြန်တစ်ဆွဲတော့ ထည့်ပေးလိုက်ဦး ဗယာကြော်။ ငါ့ မြေးတွေက ကြိုက်မှ ကြိုက်"
.
"သေနာ။ ဗိုက်ထဲအပြည့်သွတ်မယ့်အပြင် အပြန်တစ်ဆွဲဆို တာက ထုံးစံအတိုင်း။ လောဘအာပလာ"
.
"အဟား။ ကိုယ်ချင်းစာပေါ့ ဗယာကြော်ရာ။ မင်းမြေးတွေအ တွက်လည်း ငါအမြဲ သယ်လာနေကျကို ထည့်မပြောဘူး။ ဟော ဒီမှာ။ စျေးတန်းလျှောက်ရင်း ခေါင်တိုင်စျေးသည်ဆီက ဆတ် ယာဂု"
.
"ကျေးဇူး စကြဝဠာပါ အာပလာရယ်။ ငါက စျေးတန်း လျှောက်ဖို့ လူတိုးတာကြောက်လို့ မထွက်ဖြစ်တာ ကြာပေါ့။ ဒီနေ့စျေးကြီးနေ့ကိုတောင် သတိမထားမိဘူး။ ဆတ်ယာဂုကို ငါက အသေကြိုက်ဟ။ လူးယာဂုလည်း ကောင်းတာပဲ။ ရှားပါး ပစ္စည်းတွေ ဖြစ်ကုန်ပြီဟာ"
.
"ရှားပါးဆို ဒီလက်တစ်ဆုပ်စာကို ၅၀၀ိ/ တဲ့ ဗယာကြော်။ အစိတ်သားကို ၁၅၀၀။ ဆတ်တစ်ပြည်ကို ၈၀၀၀ိ/ စျေးဆိုတာ မကြားစဖူးပါပဲ။ ဒါနဲ့ မြေး ၃ ယောက်ဖို့ ၃ ထုပ်။ မင်းဆိုတဲ့ စာ ရေးဆရာကောင်းစားကြီးအတွက် ၂ ထုပ်။ ၅၀၀ိ/ ဖိုးစီပဲ ၅ ထုပ် ရောင်းပေးဖို့ အတော်ကြီး စည်းရုံးရေးဆင်းပြီး တောင်းတောင်း ပန်ပန် ဝယ်ရတာမောင့်"
.
"အဟဲ ။ စျေးဝယ်တော်တဲ့ ငါ့ငယ်ပေါင်းရောင်းရင်းကို ထမ နဲပူပူနွေးနွေး အဝကျွေးမယ်။ ၅၀၀ိ/ ဖိုး စီလီပြီး ၅ ထုပ်လုပ်ခိုင်း တော့ ပိုရမယ့် အစီအစဉ် မင်းဉာဏ်ထွက်တာ အာပလာ"
.
"မင်းနှမ်းမနဲက မွှေးကြိုင်နေရော။ ထမနဲ အနွေးယာဂုအ အေးစာဆိုတဲ့အတိုင်း ထမနဲဆိုတာ ပူနွေးနွေးမှ အရသာ ပိုထူး တာပေါ့ ဗယာကြော်။ ငါ လက်ဖျားနှုတ်ခမ်းသား စစ်နေတာ ကြောင့် အခါးရည်ပူပူနဲ့ တွဲစားလိုက်လို့ နွေးထွေးသွားတာပဲ။ ကျေးဇူး ။ ကျေးဇူး ။"
.
"နေပါဦး။ မင်းလက်ဖျားနဲ့ နှုတ်ခမ်းသားတွေက ဘာဆိုင် လို့ စစ်နဲ့ ပတ်သက်ရတာလဲ။ တဆိတ်ရှင်းစမ်းပါ အာပလာ။ ငါက စစ်ဆိုတာကြီးနဲ့ လုံးဝ မပတ်သက်ချင်"
.
"ခဲစစ်၊ အေးစစ်ဆိုတာ ရှေးဗမာစကားကွ။ ခုတော့ အသုံး နည်းသွားပြီ။ တို့အင်းသားလူမျိုးတွေက စကားလုံးတွဲတွေကို အတိုချုံး တစ်လုံးထဲ သုံးလေ့ရှိတာ မင်းသိပါတယ် ဗယာကြော် ရယ်"
.
"အေးကွာ အအေးလှိုင်းကြီး ဖြတ်သွားတဲ့ ဒီဇင်ဘာလလယ် တုန်းက ငါမဖြစ်စဖူး ရင်ကျပ်လိုက်သေးတယ်။ ဒါနဲ့ အခု ဇန်န ဝါရီလကုန်ခါနီး တစ်ကျော့အအေးလှိုင်းကြီး အလည်လာပြန် ရော။ မနက်ရေကိုင်လိုက်ရင် ရေခဲရေလို အေးစက်သွားတာပဲ အာပလာ"
.
မြစ်ချစ်စစ်
.
"နေသားမကျချင်သေးတဲ့မင်း စိတ်ထားကို ငါက အစွဲချွတ် ချင်တာ ဗယာကြော်။ ငါ့ငယ်ပေါင်း အတန်းဖော်က စစ်ဆိုရင် အဖြစ်သည်းပြီ။ စစ်စကားကို ရှောင်တိမ်းချင် မကြားချင်နဲ့"
.
"ဟိုး ရပ်ထားအာပလာ။ ငါတို့ လူလုပ်ရမယ် မကြံရသေး ဘူး။ စစ်အာဏာသိမ်းတော့ ၆၂ ခုနှစ်ကွာ။ အသက် ၁၅ နှစ် သားကျော်ကျော်ပေါ့ "
.
"မင်းကို သတိကောင်းအမှတ်ကောင်းလို့ ငါအထင်ကြီးထား တာ။ အတော်ချတဲ့ ဒေါက်ချာကြီးပါလားဟေ။ ၅၈ ခုနှစ်တုန်းက စစ်အိမ်စောင့် အစိုးရကို မင်းမေ့သွားပြီလား ဗယာကြော်"
.
"ဘယ်မေ့လိမ့်မလဲ။ တို့တွေ အသက် ၁၁ နှစ်ကျော်ပြီနော် အာပ လာ။ ၂ နှစ် နီးပါးထင်ပါရဲ့ကွာ အုပ်ချုပ်သွားတာ။ အမှန်က အိမ် စောင့်အစိုးရဆိုတာ ၆ လ သက်တမ်းတဲ့။ အခြေအနေ တည် ငြိမ်လာပြီဆိုတာနဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲ ကျင်းပလို့ အ စိုးရသစ် ဖွဲ့နိုင်အောင် ဆောင်ရွက်ပေးရစမြဲ"
.
"အဲဒါက ကမ္ဘာ့အခြားတိုင်းပြည်တွေမှာပါ ဗယာကြော်ရယ်။ တို့အရှေ့တောင်အာရှတိုင်းပြည်များကတော့ ၂ နှစ်လောက်နဲ့ ဆောင်ရွက်ပေးရင် ဟုတ်လှချည့်ပေါ့ကွာ။ ခု နောက်ဆုံးစစ်အုပ် ချုပ်ရေး ယူလိုက်ရတဲ့ ယိုးဒယား.. အဲလေ ထိုင်းဆိုရင် ၆ နှစ် တောင်ကျော်"
.
"ရှူးတိုးတိုး ကြမ်းကြားလေကြား နိုင်ငံရေးမပြောကြေးကွာ အာပလာရယ်။ မင်းငယ်ပေါင်းငါ ဗယာကြော်ဆိုတာကကြောက် တတ်တယ်ဟ။ ကြောက်ကြောက်နဲ့ပဲ ပြောရဦးမယ်။ စကားစပ် လာလို့ပါနော်။ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်း၊ ငွေစက္ကူသိမ်း၊ ကျောင်းတွေသိမ်း၊ ဘဏ်တွေ သိမ်း၊ တသိမ်းထဲ သိမ်းလာလိုက် တာ သိမ်းတဲ့ ဇာတ်လမ်းက ဆုံးပဲ မဆုံးနိုင်။ ငါတို့ ပြည်သူတွေ မှာ ခံဘက်ကချည်း"
.
"တိုင်းပြည်အတွက် ပိုကောင်းလာမလားလို့ ဆိုရှယ်လစ် ပေါ်လစီအရ စေတနာကြီးကြီးထားပြီး လုပ်ခဲ့ကြတာပါ ဗယာ ကြော်ရယ်။ အပေါက်အလမ်း မတည့်တော့လည်း အပြစ်ဖြစ်"
.
"တော် တော့ တော် အာပလာ။ ဘာလဲ မင်းက ရှေ့နေလိုက် ပေးချင်နေတာလား။ ခံရတဲ့ ပြည်သူတွေမှာတော့ တနင့်တပိုး။ တိုင်းပြည်ကြီးလဲ ချောက်ထဲဆင်းထိုးကျ"
.
"ဟေ့ ဟေ့ ချောက်ထဲမကျအောင် အချိန်မီကယ်တင်လိုက် တာပါ ဗယာကြော်ရာ"
.
"ဟ ဟား ပြောတိုင်းယုံတဲ့ ပုတ်သင်ညို ခေါင်းညိတ်လှသ ကိုး အာပလာ ပုတ်သင်ညို"
.
"ယောနိသောမန သိကာရ သင့်တင့်လျောက်ပတ်တဲ့စိတ် သဘောထား ခံယူချက် အရေးကြီးပါတယ် ဗယာကြော်။ စေတ နာအမှားလို့ ခံယူ"
.
"ကဲ ရပ်တန်းကရပ်၊ မရပ်ရင် မင်းကိုငါ အိမ်ထဲက ဆွဲထုတ် ပစ်မှာ အာပလာ"
.
"မလုပ်ပါနဲ့ဟာ။ ထမနဲ တစ်ဆွဲတော့ ထည့်ပေးလိုက်ဦး။ ငါနောက်ပြီး ဆက်လိုက်ဦးမယ်။ သစ်ပင်မှာလည်း အမြစ်နဲ့ မကင်း၊ လူမှာလည်း အချစ်နဲ့ မကင်း။ တိုင်းပြည်မှာလဲ စစ်နဲ့"
.
"လူတတ်ကြီး မလုပ်နဲ့ အာပလာ။ ငါ စာရေးဆရာ မင်း ထက် နားလည်"
.
"အဟီး ။ တိုင်းပြည်ကာကွယ်ဖို့ စစ်တပ်ရှိရမှာကွ။ ကျင့်သုံး တဲ့ ပေါ်လစီအခရာ။ မရောနဲ့ ဗယာကြော်"
.
ဆေးကွမ်းအရက်
.
"တယ်ပြီးဆရာလုပ်ချင်တာကိုး အာပလာ။ စစ်ခေါင်းဆောင် ဆိုတာ တိုင်းပြည်ကာကွယ်ရေး တာဝန်ပဲယူပေါ့ကွာ။ ကျန်တာ တွေကို ကျန်တဲ့သူတွေ လုပ်ပါစေ။ ကျွမ်းကျင်ရာ လိမ္မာတဲ့။ အာဏာကို လူတိုင်းနှစ်သက်မက်မောကြတာ ဓမ္မတာ။ အာဏာရာ ထူးဆိုတာ ရူးတာ။ ရူးတဲ့သူ"
.
"ရူးတဲ့သူ ဘာဖြစ်တာလဲ ဗယာကြော်"
.
"နာမည်ပျက်တာပေါ့ အာပလာ။ စစ်အစိုးရလို့ပဲ ဟစ်ဟစ်၊ ပြည်သူကတင်တဲ့ အစိုးရ မဟုတ်နေသမျှ အဓမ္မအာဏာသိမ်း၊ သမိုင်းရုပ်ဆိုးတာ သေချာ။ အစိုးရတယ် ထင်ကြတာ။ တကယ် တော့ ဗုဒ္ဓဓမ္မဘက်ကကြည့်ရင် အားလုံးသင်္ခါရ၊ အစိုးမရတာ ချည်းပါပဲ။ တို့ဗမာတွေက အစိုးရလို့ရောနှောပြောနေသုံးနေကြ ပေမယ့်၊ ကမ္ဘာ့အသုံးမှာ Government နဲ့ Junta အကွာခြားကြီး ကွာလွန်းလှ"
.
"ဘယ်လိုများ ကွာခြားသွားရတာလဲ ဗယာကြော်"
.
"မသိသေးရင်မှတ်ထား အာပလာ။ People's government ဆိုတာ ပြည်သူတစ်ရပ်လုံးက တခဲနက်မဲပေးလို့ တက်လာတဲ့ ပြည်သူ့အစိုးရ။ military junta က စစ်အာဏာသိမ်းတဲ့"
.
"ဒါဆို တို့ဆီမှာ လောလောလတ်လတ် ဗယာကြော်ရယ်။ တစ်မတ်သားရောနေတဲ့ ကိစ္စ"
.
"ရှူးတိုးတိုး အာပလာ။ ကမ္ဘာမှာ မြန်မာကွ။ တို့တွေစပြီး တီထွင်တဲ့ ၂၀၀၈ ခြေဥ"
.
"ဖွ ဖွ မေးမိမေးမှား ဗယာကြော်။ မင်းနားတစ်ထောင် မင်း မြှောင်တစ်သိန်း"
.
"ဟုတ်ပါ့အာပလာ။ နံရံမှာ နားပေါင်းတစ်ထောင်ဆို။ မင်း ကြည့်ပြောနော"
.
"မျက်စိမှိတ်တော့ မပြောပေါင် ဗယာကြော်။ မင်းနံရံမှာ အ သံဖမ်းစက်များ"
.
"ဟဟား။ ကြံကြံဖန်ဖန်ကွာ။ ဘာပြုလို့ အသံဖမ်းစက် ရှိရ မှာတုံး အာပလာ"
.
"ဆိုနိုင်ဘူးလေ။ ကြယ်သီးစေ့လောက်ချောင်မှာ ကပ်ထား ရင်တဲ့ ဗယာကြော်"
.
"ဟုတ်နိုင်ပါဘူး အာပလာရယ်။ ငါက ပြည်သူထဲက ပြည် သူ့စာရေးဆရာပါကွာ"
.
"ငါကြည့်လိုက်တော့ ဗယာကြော်ရယ်။ မင်းခြံစည်းရိုးအုတ် နံရံမှာ ကွမ်းသွေးရည်တွေပေ။ ကြည့်မကောင်း"
.
"ဒါက အိမ်ဆေးသုတ် လုပ်သားတွေ စည်းကမ်းမဲ့ ကွမ်း သွေးထွေးသွားကြတာ အာပလာ"
.
"အင်း ကွမ်းယာပြဿနာကလည်း မသေးဘူး ဗယာကြော်"
.
"အင်းကွ။ တို့တွေက မသေးတာပဲ စဉ်းစားတာ အာပလာ။ ကိုရွှေဂျပန်တွေက သုတေသနလုပ်တော့"
.
"နေပါဥိး။ ဘယ်လိုဂျပန်ငပုတွေနဲ့ မင်းက ဆက်စပ်တာလဲ ဗယာကြော်"
.
"ဒီလို အာပလာ။ ငါ ခေါင်တိုင်နားက မြောက်တောင်ပို့ကြီး ရွာ။ စိုက်ပျိုးမွေးမြူလူငယ်သင်တန်းကျောင်းသွား"
.
"အကောင်ပြတော့ အရိပ်ထင်ပြီ ဗယာကြော်။ ဟိုး လွန်ခဲ့ တဲ့ သုံးစျေးလောက်က ငါလာတာမင်းနဲ့ လွဲသွားပါကောလား"
            .
ဟုတ်တယ်လေ။ ၁၆/၁/၂၀၂၀ နေ့က ၂ ညအိပ် ၃ ရက် ခရီး ပန်းတနော်ရောက်တယ် အာပလာ။ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ်၊ မူလတန်းကျောင်းအုပ်တွေ သင်တန်းအတွက် ကွာ"
.
"ဘာလို့ ကွမ်းနဲ့ ဆက်စပ်သွားရတာတုံး ဗယာကြော်"
.
"သင်တန်းမှာ ကျောင်းအုပ်ဆရာတချို့ ကွမ်းစားလို့၊ လုပ် ငန်းမန်နေဂျာက ပြောတယ် အာပလာ။ တိုင်းပြည်က ကွမ်းစား သူအားလုံး တစ်ရက်ကို ကျပ်သန်း ၁၈၀၀၀ ဖိုးတဲ့။ ဆေးလိပ် အရက်မပါသေးဘူးနော်"
.
ငြိမ်းချမ်းရေး
.
"သောက်ကျိုးနဲပါလား ဗယာကြော်ရယ်။ ငါ မထင်ထားခဲ့မိ ဖူးဘူး။ တကယ်ပါ။"
.
"ဟုတ်တယ်။ သူတို့ ARTIC အဖွဲ့က ဦးဆောင်ဆောက် လှူနေတဲ့ အလျားပေ ၁၂၀၊ အနံပေ ၃၀ RC သွပ်မိုး ၂ ထပ် ကျောင်းဆောင်မျိုး ရှစ်ဆောင်ဆောက်နိုင်တဲ့ငွေ ပမာဏတဲ့။ ကျောင်းအသုံးအဆောင် ပရိဘောဂတွေ ရေမီးအိမ်သာ အခြေ ခံပစ္စည်း၊ ပစ္စယ အပြည့်အစုံပါတဲ့ ကျောင်းဆောင်မျိုးနော်"
.
"အပါး။ ကွမ်းစားသူများ မွဲဆေးဖော်နေကြသလို ဖြစ်နေပြီ ဗယာကြော်"
.
"ငါငယ်ငယ်တုန်းက ကွမ်းတစ်ယာ တစ်ပဲငါးပြား၊ တစ်မတ် ခြောက်ယာ။ ရှယ်ဆိုတာက တစ်ယာ တစ်မူးဆယ်ပြား၊ တစ် မတ်သုံးယာ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်တုန်းက ဆီစျေးတက်လို့ အီကြာကွေး တစ်ချောင်း ငါးမူးပြား ၅၀ ဖြစ်ချိန် နံပြားတစ်ချပ် လည်း စျေးအတူတူလိုက်တက်လို့ နံပြားက ဆီမပါဘဲ ဘာလို့ စျေးတက်ရတာတုံးလို့ ငါမေးတာပေါ့။ ကျွန်တော်တို့လည်း ဆီ ဝယ်စားရတာလေတဲ့။ ဖြေလိုက်ပုံ။ အဲဒီအချိန်မှာ ကွမ်းရိုးရိုးတစ် ယာ ဆယ်ပြားထဲရယ်။ ခုကြာကွေး နံပြား ၂၀၀ိ/။ ကွမ်း ၁၀၀ိ/ ဖိုး ၂ ယာတဲ့ကွာ။ နာမည်ကြီးဆို ၂၀၀ိ/ ဖိုး သုံးယာထဲရတာတဲ့ အာပလာ"
.
"အင်း ငါတို့ လူဦးရေက ဗယာကြော်ရယ်။ သန်းပေါင်း ၅၄ ကျော် ဆိုတော့ကာ"
.
"အေး ဆိုတော့ မကာနဲ့။ ငါလည်း ကိုရွှေဂျပန်တွေက ဘယ် လိုများ သုတေသန ပြုပါလိမ့်လို့ တွေးတယ်။ ဉာဏ်မီသလောက် အကြမ်းတွက်ကြည့်တယ် အာပလာ"
.
"ဆိုစမ်းပါဦး ဗယာကြော်"
.
"လူသုံးယောက်တိုင်းမှာ တစ်ယောက်ကွမ်းစားတယ်ထား ပါ။ ၁၈ သန်းပေါ့နော် အာပလာ။ ပြီးတော့ တစ်ရက်ကို ပျှမ်းမျှ ၁၀၀၀ိ/စီ စားရင်၊ ဟုတ်နေတာပေါ့။ ကျပ်သန်းပေါင်း ၁၈၀၀၀ ကွက်တိ"
.
"အိမ်တိုင်းမှာ ကွမ်းစားသူတစ်ဦး၊ ဒါမှမဟုတ်၊ ဆေးလိပ် သောက်သူတစ်ဦး၊ ဒါမှမဟုတ် အရက်သောက်တတ်သူ တစ် ဦးကျစီ ရှိရင် ကျပ်သန်းပေါင်း ၅၄၀၀၀ ဖြစ်နေမှာနော် ဗယာ ကြော်"
.
"ဘယ်ကလိမ့်မလဲ အာပလာ။ ဘာဉာဏ်နဲ့ သုံးဆပွားတာ တုံး။ အရက်က စျေးပိုကြီးတယ်ဟ"
.
"အင်း ဆေးလိပ် စီးကရက်ဆို အနိမ့်ဆုံး ၁၀၀၀ိ/ ပဲထား ကျပ်သန်းပေါင်း ၃၆၀၀၀ ဖြစ်နေပြီနော် ဗယာကြော်"
.
"ဒါပေါ့ကွ။ အရက်ကို  ပျှမ်းမျှ ၂၀၀၀ိ/နဲ့ထား။ အားလုံး ကျပ်သန်းပေါင်း ၇၂၀၀၀ တောင်မှ အာပလာ"
.
"ငါကြားဖူးတာက ဗယာကြော်ရယ်။ တကယ့်စျေးကြီးတဲ့ နိုင်ငံခြား အရက်တစ်ပုလင်း ကျပ်သိန်းကျော်ဆိုလား"
.
"ဒါကို ခေတ်သစ်ခိုနီတွေသာ လက်လှမ်းမှီနိုင်တာပါ။ ခိုနီ ခိုပြာတွေက အဆင့်ဂရိတ် ငယ်လတ်ကြီး သုံးစားမကရှိတော့ ဖြုန်းအားမသေးလှဘူး အာပလာ။ ဒုံးတိုက်တွက် ကျပ်သန်း ပေါင်း တစ်သိန်း"
.
"ဟိုးထား ဗယာကြော်။ တိုင်းပြည်မွဲပြီး ကြွေးလည်ပင်း နစ် နေတာ ဒါကြောင့်ကိုး"
.
"ဘယ်သူပြောလဲ။ တို့ကို ဆင်းရဲတဲ့ တိုင်းပြည်လို့၊ အသုံး အဖြုန်း ချမ်းသာတယ် အာပလာ"
.
"ထားပါတော့လို့ ပြောမထွက်နိုင်ဘူး ဗယာကြော်။ ငြိမ်း ချမ်းရေး မရလို့ ဒုက္ခပင်လယ်ဝေတာတဲ့"
.
"စစ်မှန်ထာဝရ တည်မြဲတဲ့ ငြိမ်းချမ်းရေးလည်း အမြန်ရပါ စေ အာပလာရယ်။ အသုံးအဖြုန်း ဝိဇ္ဇာဆေးကွမ်း အရက်သမား တွေလည်း သံဝေဂရပြီး အစွမ်းကုန် ချွေတာနိုင်ပါစေလို့ ဆု တောင်း"
.
"ဆေးလိပ်ထက် မူးယစ်ဆေးက ပိုလို့ အရေးကြီး"
.

No comments:

Post a Comment

Journal Download

Photo of three cats

About