ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်သို့ လာရောက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 9, 2020

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်သို့ လာရောက်မည်


စိုင်းရာဇာ
.
သမ္မတ ဦးဝင်းမြင့် ပြန်လည် ထွက်ခွာပြီးနောက် ရက်ပိုင်းခန့်အကြာ ဖေဖော်ဝါရီလ (--) ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်သို့ လာရောက်၍ ပင်လုံမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုနေ့ အခမ်းအနား အပြီးတွင် ပင်လုံမြို့ရှိ လူထုနှင့် တွေ့ဆုံကာ တောင်ကြီးမြို့ရှိ မြို့မိမြို့ဖများနှင့် လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လည်းကောင်း တွေ့ဆုံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ရှိ အမှတ်(--) အခြေခံပညာကျောင်းသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခြင်း ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့တွင် ဘာသာပေါင်းစုံ မသန်စွမ်းနှင့် မိဘမဲ့ကလေးများအား နံနက်စာ ကျွေးခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကာ တောင်ကြီးမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာ စားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
.
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်လာမည် ဖြစ်ကာ လက်ရှိတွင် တောင်ကြီးမြို့နှင့် ပင်လုံမြို့တို့တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats